Part-7

740 56 16
                                    


"ဆရာက ဘယ်အတန်းကို သင်ရမှာလဲ"

"ကိုးတန်း ဆရာမ"

"ဆယ်တန်းကို မသင်ရဘူးလား။ ဆရာက အထက်တန်းပြလေနော်"

"ဟုတ်တော့ ဟုတ်တယ် ဆရာမရဲ့။ ကျွန်တော်က ကိုးတန်းကိုပဲ သင်ရတာ။ ဆယ်တန်းကို အရင်တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေက သင်ကြတယ်"

"ကိုယ့်စီနီယာဆိုတော့ ဦးစားပေးရတာပေါ့နော်"

"ဟုတ်တယ် ဆရာမ"

"ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ ဆရာက အချိန်တော့ အားနေမှာပဲနော်"

"ဟုတ်တယ် ဆရာမ"

ဆရာမ ဒေါ်ဝါဆိုလင်းက တစ်ခုခုကို တွေးရင်း အချိန်ခဏ ကြာမှ ဆက်ပြောလေ‌သည်။ သူမကိုယ်တိုင်က ဆဋ္ဌမတန်း အတန်းပိုင် ဖြစ်သောကြောင့် ဆဋ္ဌမတန်းနှင့် သက်ဆိုင်သော အကြောင်းပဲ ဖြစ်ပါလိမ့်မည်။

"ဆရာ အချိန်အားရင် ဆဋ္ဌမတန်းကို ကူသင်ပေးလို့ ဖြစ်တယ်မလား"

"ဗျာ..."

ဖုန်း screen ပေါ်က ရုပ်ရှင်ကားကို အကြည့်ရောက်နေရင်းမှ ဒေါ်ဝါဆိုလင်းကို လှည့်ကြည့်လိုက်သည်။

"ဆရာ အဆင်မပြေရင်လည်း ရပါတယ်။ ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ။ တစ်မျိုးတော့ မထင်ပါနဲ့နော်"

"မထင်ပါဘူး။ ရပါတယ်ဗျ။ ကျွန်တော်လည်း အမှတ်တမှတ်ဆိုတော့ အံ့ဩသွားလို့ပါ။ ဆရာမတို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော် သင်ပေးပါ့မယ်"

"တကယ်လား ဆရာ"

ဒေါ်ဝါဆိုလင်းက အံ့ဩသွားဟန်ဖြင့် ဝမ်းပန်းတသာ မျက်နှာက ဝင်းပသွားလေသည်။ ထိန်လင်းလည်း ကူညီချင်ပါ၏။

"ဟုတ်ကဲ့။ ကျွန်တော် ၆ တန်းကို သင်ပေးပါ့မယ်"

"ဟုတ်ကဲ့ရှင့်"

"ကျွန်တော် ဘယ်ဘာသာကို သင်ပေးရမလဲ မသိဘူးခင်ဗျ"

"ဆရာ အဆင်ပြေတာကို သင်ပေးလို့ ရပါတယ်"

"ကျွန်တော်ကတော့ ဘယ်အရာဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဆရာမတို့ ပေးတဲ့ ဘာသာရပ်ကိုပဲ သင်မှာပါ"

"ဒါဆိုလည်း ခဏတော့ စောင့်ပေးပါအုံး ဆရာ။ အချိန်စာရင်း ဆွဲပြီးရင် ကျွန်မ အချိန်စာရင်း ပေးပါ့မယ်"

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now