Part-15

633 53 20
                                    


"မမ ဘယ်အိမ်တွေ ထပ်သွားရအုံးမလဲဟင်"

"ရှေ့က တစ်အိမ်ဆို တော်ပြီ မောင်လေး"

"ဟုတ် မမ"

"တစ်ရွာလုံးကျ လိုက်မပေးနိုင်ဘူး မောင်လေးရယ်။ အခုက တစ်နိုင်တစ်ပိုင်ပဲ မုန့်လုပ်တာ။ ခင်မင်ရတဲ့ လူနည်းစုအတွက်ပဲပေါ့ မောင်လေးရယ်"

"ဟုတ် မမ"

သွားနေရင်း ရှေ့က အိမ်ကို ထိန်လင်း လှမ်းမျှော်ကာ ကြည့်လိုက်သည်။ သိပ်မကြီးသော အိမ်။ အိမ်လေးက သွပ်မိုးထားသော သစ်သား‌အိမ်ကလေး ဖြစ်သော်လည်း ကျယ်ဝန်းသော ခြံကြီးကြောင့် နေချင်စရာ ကောင်စနေသည်။ ခြံကြီးကလည်း အပင်ကြီးများနှင့် အုံ့မှိုင်းနေသည်။

"အရီးရေ ဝင်လာခဲ့မယ်နော်"

အိမ်ထဲက တုံ့ပြန်သံ ကြားမလာရသော်လည်း မဆုရိပ်ဝေက ဝင်နေကျ ပုံစံမျိုး အသံပေးကာ အိမ်ခြံထဲ ဝင်လေသည်။ ထိန်လင်းလည်း နောက်က လိုက်ရပါသည်။

"အရီးရေ .. အရီး။ ဘယ်သူမှ မရှိကြဘူးလား"

မဆုရိပ်ဝေက ထပ်ခေါ်တော့ အိမ်နောက်ဖေးမှ အသံကို တိုးတိုးတိတ်တိတ် ကြားလာရလေသည်။

"ရှိတယ် သမီးရေ။ အိမ်နောက်ဖေးမှာ"

မဆုရိပ်ဝေက ထိန်လင်းကို လှည့်ကြည့်သည်။ လိုက်ခဲ့အုံး ဆိုသည့် သဘောမျိုး။ မဆုရိပ်ဝေက အိမ်နောက်ဘက် ထပ်သွားကာ ထိန်လင်းလည်း အိမ်ရှေ့ထက် ပိုကျယ်သော အိမ်နောက်ဖေးဘက် ရောက်ရှိသွားလေသည်။

‌"အရီးတို့ အလုပ်မအားဘူးဘဲ"

အိမ်နောက်ဖေးက မုန်လာခင်းထဲမှာ အလုပ်ရှုပ်နေသည့် အိမ်ရှင် ဦးလေးကြီးနှင့် အဒေါ်ကြီးကို တွေ့လိုက်ရလေသည်။ မဆုရိပ်ဝေက လက်ထဲ ပိုက်ထားသော ခြင်းလေးထဲက ငှက်ပြောသီးမုန့်ဖက်ထုပ်တွေကို မြင်အောင် လှမ်းပြလိုက်ပြီး

"အရီးလေးတို့အတွက် မုန့်လာပေးတာ"

"အေးအေး။ သမီးရေ ခဏစောင့်အုံး"

အဒေါ်ကြီးက လုပ်လက်စ အလုပ်တွေကို ယောက်ျားဖြစ်သုနှင့် ထားခဲ့တာ ထမီကို တိုတိုပြင်ဝတ်ရင်း သူတို့ဆီ ပြေးလာလေသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now