Part-1

2.9K 112 11
                                    


"အရေးကြီးတဲ့ ပစ္စည်းတွေတော့ အကုန်လုံး စုံပြီ။ သေချာအောင် ထပ်စစ်ရအုံးမယ်"

ဘယ်သူမှ မရှိသော အခန်းအတွင်း၌ တစ်ယောက်တည်း ပြောလိုက်သော ထိန်လင်း၏ အသံက တိုးလျစွာ ထွက်ပေါ်လာ၏။ ထို့နောက် ထိန်လင်းသည် အခန်းအတွင်း၌ ဟိုဟိုဒီဒီ လိုက်လံစစ်ဆေးနေမိသည်။

ကျောင်းဆရာအလုပ် ပထမဆုံး တာဝန်ကျရာ ဒေသသို့ သွားဖို့ရန် ပြင်ဆင်နေသော သူ့အတွက် အသုံးအဆောင်ပစ္စည်းများ မကျန်ခဲ့စေဖို့ အရေးကြီးသည်။

မယူမဖြစ်သော တစ်ကိုယ်ရည်သုံး ခေါင်းဖြီးဖို့ ဘီး၊ လက်သည်းညှပ်၊ သောက်ဖို့ အဖျားပျောက်ဆေး၊ အကိုက်ခဲပျောက်ဆေးကအစ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ဆေးအပြင် ရေချိုးဆပ်ပြာဘူး၊ ခေါင်းလျှော်ရည်ဘူးတို့ကိုပါ တစ်ခါတည်း ထည့်ယူရပါ၏။

"အင်္ကျီတွေ ကျန်ခဲ့အုံးမယ်။ သေချာ ပြန်စစ်အုံးမှ။ ဒီအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်လာဖို့ဆိုတာ မသေချာဘူး။ ပြန်လာချင်စိတ်လည်း မရှိဘူး။ လူကလည်း မွဲနေတာ။ ထပ်ဝယ်ရအောင် ပိုက်ဆံလည်း မပေါဘူး"

ခရီးဆောင်အိတ်၏ ဇစ်ကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။ ညကတည်းက အသေအချာ စိစစ်ထားသော်လည်း အခု ပြန်ကြည့်မိသည်။ စာရွက်စာတမ်းတွေ၊ ကျောင်းယူနီဖောင်း အဖြူအစိမ်းဝတ်စုံတွေ၊ အဖြူရောင် တိုက်ပုံနှင့် အိမ်နေရင်း ဝတ်ဖို့ အဝတ်အစားတွေ .. ။ စုံတော့ စုံသည်။ ကတ္ထီပါ ဖိနပ်တစ်ရံ လိုသေးသော်လည်း ပြည်မြို့ရောက်မှ  ဝယ်တော့မည်ဟု သူ မျှော်တွေးလိုက်သေးသည်။

ရုတ်တရက် ပြည်မြို့လေးအကြောင်း တွေးမိသွား၍ သူ ပျော်သွားလေသည်။ သူ တာဝန်ကျရာ ရွာလေးသည် ပြည်မြို့နှင့် အနည်းငယ် ဝေးသည်ဟု ဆိုနိုင်သော်လည်း လမ်းခရီးကောင်းလွန်း၍ ပြည်မြို့သို့ စိတ်ကူးပေါက်ချိန်တိုင်း အချိန်မရွေး ထသွားနိုင်ပါသည်။ သူသည် နေချစ်စရာကောင်းသော၊ ချစ်စရာကောင်းသော ပြည်မြို့လေးကို အလွန်ချစ်သည်။

ပြည်မြို့၏ သဘာဝ ရှုမျှော်ခင်းတွေ၊ ပြည်မြို့၏ အထင်ကရ ဘုရားတွေ၊ လည်ပတ်စရာတွေ စသည်တို့က သူ့စိတ်ကို ဖုံးလွှမ်းနေသည်။ ဟိုးအရင်က ပြည်မြို့ပညာ‌ရေးဒီဂရီကောလိပ်တွင် တက်ခဲ့သော အမှတ်တရများကို ပြန်လည်အမှတ်ရမိသွားလေ၏။ ပြီးတော့ ပြီးတော့ ... သူ သတိပြန်မရချင်သော အမှတ်တရများ ရှိသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Où les histoires vivent. Découvrez maintenant