Part-5

875 52 6
                                    



"ကိုကို ဘယ်နေ့ ကျောင်းစတက်ရမှာလဲဟင်"

"ဇွန်လ ၁ ရက်နေ့"

"ဟင် သိပ်မလိုတော့ဘူးဘဲ"

"ဟုတ်တယ်"

"ကိုကို့ကို ချစ်က လွမ်းနေတော့မှာ"

"ကိုယ်ရောပဲကွာ။ လွမ်းနေတော့မှာ"

ရင်ခွင်ထဲ အတင်းတိုးဝင်လာသော ရည်းစားလေးကို အသာလေး ဖက်ထားလိုက်သည်။ ရင်ခွင်ထဲ ‌အပြီးပိုင် ရောက်နေ၍ နူးညံ့လွန်းသော ဆံနွယ်တွေက အမွေးကြမ်းတစ်ချို့ ရှိနေသော သူ့မေးစေ့ကို လာထိပြီး ညူတုတု ကစားနေကြသည်။ ငုံ့မနမ်းသော်လည်း မွှေးအီ၊ ချိုမြနေသော ရှန်ပူအနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ ထိုအခါ မနေနိုင်တော့ဘဲ ထိုဆံနွယ်တွေကို နမ်းရှိုက်မိတော့၏။ ခံစားမှုက စွဲမက်ဖွယ် ကောင်းနေသည်။

"ချစ်လေ အခုရက်ပိုင်း တစ်ခု တွေးနေတယ် သိလား"

"ဘာကိုလဲ ချစ်ရဲ့"

"ချစ်လေ ကိုကို့လို ကျောင်းဆရာဖြစ်အောင် လုပ်ပြီး ကိုကို တာဝန်ကျတဲ့ ရွာမှာ ကျောင်းဆရာအလုပ် လိုက်လုပ်ရင် ကောင်းမလားလို့။ ကိုကို့ကို မခွဲနိုင်ဘူး။ ကိုကိုနဲ့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်"

ရှိန်းဟန်သည် မထင်ထားသော ချစ်စရာ စကားလေးကြောင့် နမ်းရှိုက်လို့ မဝသော မွှေးပျပျ ဆံနွယ်တွေကို နောက်ထပ် နမ်းရှိုက်ပြစ်မိလေသည်။

"ချစ်ကကွာ။ ချစ်ဖို့ ကောင်းလိုက်တာကွာ"

ကျောင်းဆရာအလုပ်ဟာ အပြင်ပန်းကြည့်လျှင် သာယာစိုပြေသလောက် တာဝန်ဝတ္တရားများလွန်းသောကြောင့် ရှိန်းဟန်သည် သူ့ကို ကျောင်းဆရာ လုပ်ပါလို့ မတိုက်တွန်းချင်ပါပေ။ တာဝန်ကျရာသို့ လိုက်လာဖို့လည်း မပြောရက်။ ဒီလိုလေး တွေ့နေရတာဖြင့်ပင် ကျေနပ်လွန်းနေပါပြီ။

"ကျောင်းဆရာဘဝက ပင်ပန်းပါတယ်ကွာ"

"ကိုကိုကလည်း .."

"ပင်ပန်းပါတယ် ချစ်ရာ"

"ကိုကို.."

"ဟေ..."

"ဒီည ကိုကို ချစ်ရဲ့ အိမ်ကို လိုက်ခဲ့ပါလားဟင်"

ရင်ခွင်ထဲက မော့ကြည့်နေသဖြင့် ရှိန်းဟန်လည်း အသာလေးပင် ငုံ့ကြည့်လိုက်သည်။ ထိုအခါ ချစ်သူလေး၏ လှပလွန်းသော မျက်နှာလေးကို မြင်ရသည်။ စကားအကောင်း ပြောနေရင်း ချစ်သူလေးက တစ်စုံတစ်ခုကို တောင်းတ,လာသလိုမျိုး။ နဖူးလေးကို ငုံ့နမ်းလိုက်သည့်အခါ တောက်ပသော မျက်လုံးလေးများဖြင့်သာ ပြုံးပြလာသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now