Part-6

721 54 14
                                    



ပြည်သို့ ရောက်ဖြစ်တိုင်း စားနေကျ ရှမ်းခေါက်ဆွဲဆိုင်က ည ၉ နာရီအထိ ဖွင့်သောကြောင့် ထိန်လင်းအတွက် အဆင်ပြေသည်။ ရွှေဆံတော် ဘုရားကြီး၏ မြောက်ဘက် မုဒ်မှ ဆင်းသွားလျှင် တွေ့ရသော နာရီစင်ကြီး၏ မြောက်ဘက် "ရှမ်းရိုးရာ" ဟူသော ရှမ်းခေါက်ဆွဲဆိုင်တွင် ဝင်စားဖြစ်လေသည်။

ထိန်လင်း သဘောအကျဆုံးက ပူပူနွေးနွေး ပြင်ဆင်ပေးထားသော ရှမ်းအစားအစာများနှင့် တွဲစားရန် ရှမ်းချဉ်နှင့် ငရုတ်သီးကြော်ကို ဘူဖေးချပေးထားခြင်း ဖြစ်သည်။

တစ်ယောက်တည်း ဆိုသော်လည်း ဘယ်သူ့ကိုမှ မကြောက်ပါပေ။ လွတ်လပ်မှုလည်း သိသည်။

ရှမ်းဆိုင်မှ ရှမ်းတို့ဟူးကြော်တစ်ပွဲ၊ ရှမ်းခေါက်ဆွဲတစ်ပွဲနှင့် ဆန်စီးခေါက်ဆွဲတစ်ပွဲကို ရှမ်းချဉ်များများဖြင့် စားပြီးသည့်နောက်တွင် ထိန်လင်းသည် မြင်နေရသည့် ရွှေဆံတော် စေတီကြီးကို ဖူးမြော်ရန် ထွက်လာခဲ့သည်။ ညဘက် ၉ နာရီခွဲအထိ ဘုရားရင်ပြင်သို့ တက်နိုင်သော ဓာတ်လှေကားကို အသုံးပြုနိုင်သောကြောင့် အဆင်ပြေလှပါသည်။

အချိန်ကတော့ ည ၈ နာရီလောက် ရှိပေမည်။ ဘုရားရင်ပြင်ပေါ် ရောက်သည့်အခါ ရွှေရောင်ဝင်းနေသော ရွှေဆံတော်စေတီကြီးကို ဦးချကန်တော့လိုက်လေသည်။ ထို့နောက် ဘုရားရင်ပြင်၌ ထိုင်ရင်း အေးမြလှသော ပြည်မြို့၏ ညလေညင်းများကို ခံစားနေမိသည်။ ဘုရားရင်ပြင် ရှိရာ ကုန်းတော်က အတော်အတန် မြင့်သောသောကြောင့် ပြည်မြို့၏ ညအလှများကို အပေါ်စီးမှ လှမ်းကြည့်နိုင်သည်က စိတ်ကျေနပ်စရာပါပင်။

"ချစ်..."

ထိန်လင်း၏ နားနားသို့ ကပ်ပြောလိုက်သလိုမျိုး လူတစ်ယောက်၏ အသံကို ကြားလိုက်ရပါသည်။ ဘာရယ်မဟုတ်ဘဲ ထိန်လင်းသည် ကြက်သီးတွေ တဖြန်းဖြန်း ထသွားလေ၏။ သို့သော် ကြောက်ရွံ့စိတ်တော့ မရှိ။

"ချစ် ကိုယ်တို့ ဘုရားကန်တော့ရအောင်နော်"

"....."

ဘေးနားက ဖြတ်လျှောက်သွားရင်း ကြားလိုက်ရသော စကားသံကြောင့် ခုနက သူကြားလိုက်ရသော စကားဟာ သူ့ကို လှမ်းခေါ်ခြင်း မဟုတ်ကြောင်း ထိန်လင်း သိလိုက်ရပါသည်။ အသေအချာ ကြည့်မိတော့ ချစ်သူရည်းစား အတွဲတစ်တွဲ ဖြစ်နေပါ၏။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now