နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (U)

90 16 0
                                    

ဒီနေ့တော့ ဖြောင်အင်ပါယာရဲ့အရှေ့ပင်လယ်အကြောင်းကို နည်းနည်းမြင်သာလာအောင် ပုံလေးတွေပြရင်း ဖြောင်အင်ပါယာရဲ့ပထဝီမြေအနေအထား ဘာညာကွိကွကိုလည်း AI generated  ပုံတွေနဲ့အတူ အနည်းကျဥ်းခြုံငုံ ရှင်းပြထားချင်တယ်။ နောက်အပိုင်းတွေမှာလည်း အသေးစိတ်တွေ ပါလာဦးမှာပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒီနေ့တော့ ဖြောင်အင်ပါယာရဲ့အရှေ့ပင်လယ်အကြောင်းကို နည်းနည်းမြင်သာလာအောင် ပုံလေးတွေပြရင်း ဖြောင်အင်ပါယာရဲ့ပထဝီမြေအနေအထား ဘာညာကွိကွကိုလည်း AI generated  ပုံတွေနဲ့အတူ အနည်းကျဥ်းခြုံငုံ ရှင်းပြထားချင်တယ်။ နောက်အပိုင်းတွေမှာလည်း အသေးစိတ်တွေ ပါလာဦးမှာပါ။

ဖြောင်အင်ပါယာကြီးရဲ့အရပ် ၄ မျက်နှာ ပတ်ပတ်လည်မှာ ပင်လယ်တွေပါပဲ။ အဲဒီမှာ အရှေ့ပင်လယ်မှာ အသားစားရေနေသတ္တဝါမိစ္ဆာကောင်ကြီးတွေမျိုးစုံကျင်လည်နေကြတဲ့အကြောင်းကို ရှေ့အခန်းတွေတုန်းက မိတ်ဆက်ထားခဲ့ပြီးပါပြီ။

အနောက်ပင်လယ်မှာတော့ ရေသူမ၊ ရေသူထီးတွေနဲ့ ရတနာတွေ ပေါများတယ်။

တောင်ပင်လယ်မှာတော့ ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေ အများအပြားဖြတ်သန်းကြတော့ ပင်လယ်ဓားပြတွေလည်း ပေါပါတယ်။

မြောက်ပင်လယ်ကိုတော့ တရားကျင့်ကြံကြတဲ့ ပင်လယ်နတ်နဂါးတွေနေထိုင်ကြလို့ အေးချမ်းပါတယ်။ ဒီမြောက်ပင်လယ်ကိုလည်း ကူးသန်းရောင်းဝယ်ရေးသင်္ဘောတွေနဲ့ စွန့်စားခန်းခရီးထွက်လာကြတဲ့သင်္ဘောတွေလည်း ဖြတ်သန်းသွားလာကြတယ်။

ဖြောင်အင်ပါယာဆိုတာ မှော်ပညာတွေအထွန်းကားဆုံး ဖြောင်နိုင်ငံငယ်လေးကနေ ကုန်းမြေနယ်နမိတ်ထိစပ်နေသမျှ တစ်ခြားသောတိုင်းတစ်ပါး နိုင်ငံခြားတိုင်းပြည်တွေရဲ့နိုင်ငံငယ်၊ နိုင်ငံအလတ်၊ နိုင်ငံအကြီးတွေကိုပါ မှော်စွမ်းအားတွေနဲ့ သိမ်းယူထားနိုင်တဲ့ အင်ပါယာကြီးပေါ့နော်။ တချို့နိုင်ငံတွေကလည်း သူတို့ကိုယ်တိုင်ကိုက လိုလိုလားလား အညံ့ခံကြတယ်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now