Chapter 14/ U : Don't you know that I'm in love with a monster?

198 29 15
                                    


(မှတ်ချက်။ ။ ယခုအခန်းမှစ၍ ဇာတ်ကောင်များ၏မော်ဒန်ခေတ်၊ ဖြောင်ခေတ်နာမည်များကို စာဖတ်သူတို့နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ပူးတွဲသုံး၍သော်လည်းကောင်း၊ လှည့်ပြောင်းသုံး၍သော်လည်း ရေးသားဖန်တီးသွားပါမည်။ စာဖတ်သူတို့ မျက်စိမရှုပ်စေရန်နှင့် နားလည်လွယ်စေရန် ကြိုးစားပေးပါမည်။ ဇာတ်လမ်းအစကနေအဆုံး မှတ်မိသူများအတွက် အဆင်ပြေပြီး အလယ်ကနေ စဖောက်ဖတ်သူများအတွက် အဆင်ပြေချင်မှပြေလိမ့်မည်။)


အခန်း (၁၄)

မွန်းစတားတစ်ကောင်နဲ့
ကိုယ်ချစ်ကျွမ်းဝင်နေတယ်ဆိုတာ
မင်းလေးမသိဘူးလား


"ဒီ နှုတ်ခမ်းမွှေးနဲ့မှုတ်ဆိတ်မွှေးတွေကလည်း ကောက်ပဲသီးနှံတွေလို ဓာတ်မြေဩဇာမဖြန်းဘဲ ထွက်နှုန်းမြန်လိုက်တာ။ နေရခက်လို့ အပြောင်ရိတ်ချပစ်လိုက်တော့မယ်။ "

ထုံးစံအတိုင်း နှုတ်ခမ်းမွှေးရှည်လာလျှင် မနေတတ်သော မိန်ဓိရာဇ် (ခေါ်) ဟယ်ရီရှိန်းနောင်တစ်ယောက် ဓားအတိုလေးကိုယူကာ နှုတ်ခမ်းမွှေးရိတ်ဖို့ပြင်နေသည်။ ဤသည်ကို စာအုပ်ကြီးမြင်လျှင် အမွှေစိန် ငရှိန်းကို ချက်ချင်းတားရသည်။

"ဟေး....ရိတ်လိုက်တာနဲ့ မင်းက ယောကျာ်းမပီသတဲ့ကောင်လို့ သတ်မှတ်ခံရလိမ့်မယ်။ ဘုရင်မင်းမြတ်ဘက်ကအစ မင်းကို ညီလာခံခေါ်ရင်ခေါ်နေမှာ။ ဖြောင်ခေတ်က ယောကျာ်းတစ်ယောက်ရဲ့ နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကလည်း သူတို့ရဲ့ဘုန်းကျက်သရေတွေပဲ။ နန်းတော်အပြင်ဘက်မှာဆိုရင် နှုတ်ခမ်းမွှေးအထူအရှည်ကို ဒီဇိုင်းမျိုးစုံနဲ့တောင် ပြိုင်ပွဲကျင်းပကြသေးတာ။ "

ဟယ်ရီရှိန်းနောင်လည်း ၎င်းပြိုင်ပွဲအကြောင်းကို တအံ့တသြ စိတ်ဝင်းစားသွားသည်။ ထို့နောက် စာအုပ်ကြီးဘက်ကို မျက်နှာလှည့်လာသည်။

"ဟမ်...တကယ်ကြီးရှိတာလား။"

စာအုပ်ကြီးကလည်း ဟယ်ရီရှိန်းနောင်အနားတွင် ပတ်ပတ်လည်ဝဲပျံနေသည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]जहाँ कहानियाँ रहती हैं। अभी खोजें