Chapter 13/U : I'll be always yours, my baby King

175 30 12
                                    



အခန်း (၁၃)
မင်းက အမြဲတမ်းပဲ ကိုယ့်ကိုဆို အပိုင်စားရနေမှာပါ ရှင်ဘုရင်လေးရေ

အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါစံမြန်းရာ နန်းဆောင်တော်အတွင်းသို့ မိန်ဓိရာဇ်ရောက်လျှင်ရောက်ချင်း မင်းသားနှင့် ပြဿနာစဖြစ်ဖို့ အကြောင်းဖန်လာသည်။

"ငါ့နေရာကို ရောက်လာပြီဆိုတော့ ဒီနေ့ကစပြီး ငါ့ကိုယ်ရံတော်အဖြစ်နဲ့ရော ငါ့ရဲ့ကျွန်အဖြစ်နဲ့ရောနေရမယ်။ နောက်ပြီး ငါ့အာသာဖြေချင်တဲ့အချိန်မှာ အဆင်သင့်ဖြစ်နေပါစေ။"

ဤကဲ့သို့ ရာဇသိင်္ဂါက ရင့်သီးသောစကားကိုဆိုလိုက်လျှင် မိန်ဓိရာဇ်လည်း နဖူးကြောများတင်းသည်အထိ မခံမရပ်နိုင်ဖြစ်သွားသည်။ စိတ်ထဲတွင်လည်း ဆဲဆိုနေ​၏။

(မိန်ဓိရာဇ်။ ။ အား....ဒီခွေးသူတောင်းစားကတော့ လွန်လာပြီ။ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘူး။ စောက်ခွက်ကို ခွပ်ခနဲ၊ ခွပ်ခနဲ ၆ ဆင့်လောက် ဆင့်ထိုးပစ်ချင်နေပြီ။ )

(စာအုပ်ကြီး။ ။ စိတ်လျော့လိုက်စမ်း...ဆက်သည်းခံရမှာ မင်းရဲ့တာဝန်ပဲ။)

(မိန်ဓိရာဇ်။ ။ မရတော့ဘူး။ ဒီကောင့်ကိုထိုးပြီးမှတ်လောက်သားလောက် ပြောပစ်မှရတော့မယ်။)

ထို့နောက် မျက်မှန်စူးရှစွာ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုတ်လိုက်ပြီးနောက် သူ၏ညာလက်ညိုးဖြင့် ရာဇသိင်္ဂါ၏မျက်နှာတည့်တည့်ကို ထိုးလိုက်သည်။

စာအုပ်ကြီးကတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်တောင်တောင်ကြည့်နေလျက်။

"ဟ... မင်းစကားက အရမ်းတရားလွန်နေပြီနော် ရာဇသိင်္ဂါ။ ငါက မင်းသိခဲ့တဲ့လူ မဟုတ်တော့ဘူးဆိုတာကို ဘာလို့သဘောမပေါက်နိုင်သေးတာလဲ။ မင်း တကယ်ရူးနေပြီပဲ။ အရင်ကမ္ဘာဆီ ပြန်သွားပြီး စိတ်ရောဂါဆရာဝန်နဲ့ သေချာပြကြည့်ဦး။"

ရာဇသိင်္ဂါကလည်း လှပ၍ အေးစက်စက်လှောင်ပြုံးတစ်ခုနှင့်အတူ ရယ်မော​၏။ သူ​၏ညာလက်က မိန်ဓိရာဇ်​၏ဘယ်ပခုံးပေါ် တင်လိုက်ကာ ရိသဲ့သဲ့တုံ့ပြန်သည်။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now