Chapter 10/U: Empire Conference (1)

181 27 10
                                    


(မှတ်ချက်။ ။ အဆဲအဆိုစကားလုံးတွေကို ဆင်ဆာမဖြတ်ထားတာကတော့ ဇာတ်ကောင်တွေရဲ့စရိုက်ဆိုးဆိုးကြမ်းကြမ်းတွေကို reality နဲ့ သဘာဝကျကျလေး ပိုနီးစပ်အောင်၊ ပိုပေါ်လွင်ပီပြင်အောင်လို့ တမင်ဆင်ဆာမဖြတ်ဘဲ ဖန်တီးထားတာပါ။ ဒီလိုဆိုတော့လည်း ဟာသမြောက်အောင် တမင်သက်သက်ကြီးထည့်ထားတယ်ဖြစ်မှာစိုးလို့ over မဖြစ်ရလေအောင် အဆဲအဆို dialogue လေးတွေကို နည်းနည်းပါးပါးပဲ ထည့်ထားပါတယ်ရှင့်။

အမြင်မတော်ဘဲ တအားရိုင်းသွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ သားအဆိုး မျောက်လောင်းလေးတွေကို သည်းခံပေးပါဦးလားကွယ်။ )

အခန်း (၁၀)
အင်ပါယာညီလာခံ

ဟယ်ရီရှိန်းနောင်က ကျွန်းနက်ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲဖြင့် ဒူးထောင်ပေါင်ကား ထိုင်နေသည်။ ယနေ့သည် သူ​၏အားလပ်ရက်ဖြစ်သည်။ ထို့ကြောင့် အင်ပါယာရွှေနန်းတော်၌ ကိုယ်ရံတော်မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် မလိုနေပေ။

သို့သော် သူ့အား ကျွန်ကောင်ဟု သတ်မှတ်ထားသော လင်တော်မောင် ရာဇသိင်္ဂါထံမှ အချိန်မရွေးဆင့်ခေါ်ခံရလျှင် သွားရောက်ခစားရပေမည်။ ယခုအချိန်ထိ ဆင့်ခေါ်ခြင်းမခံရသေး၍ သူ့တွင်အချိန်များစွာ ပိုလျှံနေ​၏။ ပုံမှန်အားဖြင့် ပျင်းလျှင် ဂိမ်းဆော့နေကျဖြစ်သော်လည်း ဖြောင်ခေတ်တွင်မူ ဆော့စရာ ဂိမ်းစက်ပစ္စည်းများ၊ ဟန်းဖုန်း၊ လက်တော့ပ်နှင့် ကွန်ပျူတာများ မရှိနေ၍ ဘဝကြီးတွင် တစ်ခုခုလိုအပ်နေသကဲ့သို့ လှစ်ဟာနေပေသည်။ ဤသို့ဖြင့် ဆန်းကြယ်သည့် သူ့ဝအကြောင်းကိုထိုင်တွေးနေရာကနေ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ ထို့နောက် သူ့ဘေးက ကျွန်းနက်စားပွဲခုံပေါ်တွင် အိပ်ငိုက်နေသော စာအုပ်ကြီးကို သူ့လက်များနှင့် ဆက်တိုက်ပုတ်နိူးလိုက်သည်။

"စာအုပ်ကြီးရေ...ဆရာဒုံရေ"

စာအုပ်ကြီးလည်း ဟယ်ရီရှိန်းနောင်လက်ချက်ဖြင့် မျက်လုံးစင်းစင်းလေးနှင့် တဝါးဝါးသန်းဝေကာ နိုးလာ၏။

"ဟေ...ဘာဖြစ်လို့လဲ။"

"ဖြောင်ခေတ်ကိုစစရောက်တုန်းက ခင်ဗျား ကျွန်တော့် ကျောပိုးအိတ်ကို သိမ်းပေးထားခဲ့တယ်ဆို။"

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now