အခန်း (၁)
မမျှော်လင့်ထားသည့် ကံကြမ္မာ"ဟေ့ကောင်...စာသင်ချိန်အိပ်ငိုက်စရာလား။ ထစမ်း"
သမိုင်းဆရာ ဦးကြည်မာန်၏အော်ဟစ်မှုကြောင့် ကျောင်းသား မောင်ဟယ်ရီရှိန်းနှောင်လည်း စားပွဲခုံပေါ်တွင် အိပ်မောကျနေရာမှ္နိုးသွားခဲ့သည်။
"ဒီဆရာ...ဘာလား...လူ့စည်းကမ်းနားမလည်ဘူးလား...ကိုယ့်ကျောင်းသား ပင်ပန်းလို့ အိပ်နေတာကို...ဘယ့်နှယ်...လာနိုးစရာလားလို့...ဟင်း..."
ထိုကဲ့သို့ ကျိန်းစပ်နေသောမျက်လုံးများဖြင့် အိပ်ချင်မူးတူးပြောပြီးနောက် သူ့ရှေ့မလှမ်းမကမ်းက ဆရာဖြစ်သူကို ဘုကြည့်ကြည့်ရင်း စားပွဲခုံပေါ်တွင် ခေါင်းချအိပ်လိုက်၏။ ဆရာ ဦးကြည်မာန်လည်း ပိုဒေါသထွက်သွားခဲ့၍ မောင်ဟယ်ရီရှိန်းနှောင်အနားသို့ ဖနောင့်ပြင်းပြင်းနင်းသွားတော့သည်။ သူ့အနားသို့ရောက်လျှင် ဆရာလည်း သူ့ခေါင်းကို လက်သီးဖြင့် ခွပ်ခနဲမြည်သည်အထိ ထိုးပစ်လိုက်သည်။
" အား... ဘာလို့လာထိုးတာလဲဗျ"
မောင် ဟယ်ရီရှိန်းနှောင်လည်း နာကျင်သွားသော သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အမြန်ပွတ်သပ်လိုက်ကာ ဆရာကို ပြန်အော်မိသည်။ ဆရာ ဦးကြည်မာန်၏ဒေါသမျက်လုံးများပြူးထွက်လာပြီး မောင်ဟယ်ရီရှိန်းနှောင်၏ကော်လံအဖြူကို ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။
"ဟ...မင်းက အတန်းချိန်ကြီးမှာ လာအိပ်နေသေးတယ်။ ဆရာဖြစ်တဲ့ ငါ့ကိုလည်း စော်ကားမော်ကားပြောသေးတယ်။ မင်းက ဘာကောင်မို့လို့ သောက်ကြောတင်းနေရတာလဲကွ။ ဘာကောင်လဲ။"
"ကျွန်တော် လူထီးပါဆရာ"
"ငါ လုပ်လိုက်ရင်တော့..."
မောင် ဟယ်ရီရှိန်းနှောင်၏ဘုဆတ်ဆတ်အပြောကြောင့် ဆရာ ဦးကြည်မာန်လည်း သူ့မျက်နှာတည့်တည့်ကို ဆွဲထိုးချင်မိသော်လည်း စိတ်ထိန်းလိုက်ရသည်။
"အဲဒီလောက် အိပ်ချင်နေရင် ထွက်သွား"
"ဟား...ကျေးဇူးတင်လိုက်တာ ဆရာရယ်...ဘိုင့်ဘိုင်နော်"
YOU ARE READING
ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]