Chapter 12/U: Moving to the New Palace

163 34 9
                                    




အခန်း (၁၂)
နန်းတော်အသစ်သို့ ရွှေ့ပြောင်းရခြင်း

မနေ့က မနက်ခင်းညီလာခံအပြီးမှာတော့ မိန်ဓိရာဇ်တစ်ယောက် သူ​၏အဆောင်တော်အတွင်း မျက်ခုံးလှုပ်လှုပ်နှင့် နေထိုင်ခဲ့သည်။ အကြောင်းကတော့ ရာဇသိင်္ဂါ သို့မဟုတ် သီဟလင်္ကာမှ ပြဿနာလာရှာမည်ကို လန့်နေခဲ့​သည့်အတွက်။ သို့သော်လည်း ညီလာခံအပြီးတွင် ရာဇသိင်္ဂါမှာ ဖခမည်းတော်နှင့်အတူတူ တောကစားထွက်ပေးခဲ့ရသဖြင့် ထိုညတွင် မိန်ဓိရာဇ်ဆီသို့ မရောက်လာခဲ့ပေ။ သီဟလင်္ကာတို့သားအဖကလည်း ရာဇသိင်္ဂါတို့နှင့်အတူလိုက်လံ၍ ခဏတာ တောကစားထွက်ခဲ့​ကြ၏။ ထို့ကြောင့် မိန်ဓိရာဇ် ကံကောင်းသွားခဲ့သည်။

" ဘယ်လို အူကြောင်ကြောင်နိုင်လိုက်တဲ့အမိန့်လဲ။ ခုတော့ လူတကာရဲ့လက်တွေကို လိုက်နမ်းနေရတော့မယ်။ လက်တွေကနေ ပိုးမွှားပေါင်းစုံပါလာရင် ရွံစရာကြီး။"

မိန်ဓိရာဇ်က သူ၏ဆံပင်ရှည်ကိုဖီးသပ်နေပြီး စိတ်ညစ်ညစ်နှင့်ပြောလိုက်သည်။ ထိုအခါ စာအုပ်ကြီးက မိန်ဓိရာဇ်၏ကိုယ်ရံတော်မှူးအဝတ်အစားနှင့်အဆောင်အယောင်ပစ္စည်းများကို မှော်အစွမ်းနှင့် သေချာဝတ်ဆင်ပေးနေသည်။ ခြေလက်အင်္ဂါမရှိနေသည့်စာအုပ်ဘဝဖြစ်နေ၍ မှော်အစွမ်းဖြင့်သာ မိန်ဓိရာဇ်​၏ဝေယျာဝစ္စအနည်းအကျဉ်းကို အနီးကပ်ဆောင်ရွက်ပေးတတ်သည်။ ဖြောင်ခေတ်က ဝတ်စားဆင်ယင်ပုံမှာလည်း အနည်းငယ်ရှုပ်ထွေးသောကြောင့် မိန်ဓိရာဇ်အနေဖြင့် နေသားမကျသေးပေ။ ထို့ကြောင့် ဆရာဖြစ်သူ စာအုပ်ကြီး​၏အကူအညီကိုသာ အမြဲယူနေရသေးသည်။

အစေခံလေး ဗဘုံက မိန်ဓိရာဇ်​၏နန်းတွင်းအဝတ်အစားများအား လဲလှယ်ရာတွင် ကူညီပေးမည်ဟု လျှောက်တင်ခဲ့သည့်အကြိမ်တိုင်းမှာလည်း စာအုပ်ကြီး၏အမိန့်ကြောင့် ဗဘုံလေးအား ငြင်းဆန်ခဲ့သည်။

"လူတကာတော့ မဟုတ်ပါဘူးကွ။ သူချသွားတဲ့အမိန့်မှာက ပထမဆုံးစတွေ့တဲ့လူတွေနဲ့ ဒေါသထွက်တဲ့အချိန်တွေပဲ နှုတ်ဆက်အနမ်းပေးခိုင်းတာ။ ဘာပဲဖြစ်ဖြစ်...ဒီတစ်ခါဖြောင်ခေတ်မှာ လက်နမ်းတဲ့ဓလေ့ကို 'မိန်ဓိရာဇ်ရဲ့အကြင်နာပန်း'ဆိုပြီး ခေါင်းစဉ်တပ်လိုက်တော့ ဟိုဘက်ခေတ်ပြန်ရောက်ခဲ့ရင် မင်းတော့နာမည်ကြီးတော့မယ် ဟားဟားဟား....ဖြောင်ခေတ်ကနေ နောက်နှစ်ပေါင်း ၁၀၀၀ ဆို ခေတ်မီတိုးတက်တဲ့ ၂၁ ရာစုပန်ရာနိုင်ငံဖြစ်တော့မှာလေ"

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now