Chapter 3/U: Just A Kiss with No Love

577 60 12
                                    

အခန်း (၃)
မချစ်သော်လည်း အောင့်ကာနမ်း


"အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကိုယ်ရံတော်မှူး မိန်ဓိရာဇ် အခစားဝင်လာကြောင်း လျှောက်ထားအပ်ပါသည် ဘုရား...."

အမတ်မင်းတစ်ပါးမှ ဧကရာဇ်ဘုရင် ရာဇာသိင်္ဂါဩရသအား ကျယ်လောင်စွာ လျှောက်တင်လိုက်သည်နှင့်တစ်ပြိုင်နက် မိန်ဓိရာဇ်သည် အမျိုးသားအခြွေအရံအနည်းကျဉ်းနှင့်အတူ အခန့်သားကြွချီလာခဲ့သည်။

(စာအုပ်ကြီး။ ။ "ကောင်လေး...ရင်ကိုထပ်ကော့ထားအုံး")

(မိန်ဓိရာဇ်။ ။ "ဘယ်လောက်ထိ ရင်ကော့ထားရအုံးမှာလဲ... ဒီလောက်ထိ ရင်ကော့ ဖင်ကောက်ထားပြီး ကွန်ဖီးဒန့်အပြည်နဲ့စမတ်ကျကျလမ်းလျှောက်လာတာ ဒီလောက်အနေအထားဆို တော်ရောပေါ့။ တော်ကြာနေ ရင်အကော့လွန်ပြီး နို့တွေလည်း ကြီးလာပါအုံးမယ်ဗျာ")

(စာအုပ်ကြီး။ ။ "​ ဪ...နန်းတွင်းထဲမှာ ကိုယ်နေဟန်ထားကလည်း အရေးကြီးဆုံးပဲ၊ မင်း လက်ပြင်ကျောကုန်းပြီး လျှောက်နေမှာစိုးလို့ ပြောရတာကွ၊ မျက်နှာကိုလည်း ထပ်ပြုံးထားအုံး")

(မိန်ဓိရာဇ်။ ။ "အဲဒီလောက်ထိ စိတ်မပူနေပါနဲ့ဗျာ...ကျွန်တော် အကောင်းဆုံးလုပ်နေပါတယ်")

မိန်ဓိရာဇ်လည်း သူ​၏ရင်ဘတ်ကို ရှေ့သို့ထပ်ကော့လိုက်ကာ ကတ္တီပါကော်ဇော်လျှောက်လှမ်းတစ်လျှောက်ပေါ်သို့ ခြေတစ်လှမ်း မာန်ဝင့်ချီကာ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းလာခဲ့သည်။ ဘုရင့်ရာဇပလ္လင်တော်နှင့် ၁၀ ပေအကွာသို့ရောက်သောအခါ မိန်ဓိရာဇ်သည် အမျိုးသားအခြွေအရံနှစ်ယောက်နှင့်အတူ ဒူးနှစ်ဖက်ထောက်လိုက်ကာ ဘုရင်မင်းမြတ်အား အရိုအသေပေးလျက် ခေါင်းငုံ့လိုက်​၏။

ဘုရင်မင်းကြီး ရာဇာသိင်္ဂါဩရသလည်း ကျန်းကျန်းမာမာရှိနေသော မိန်ဓိရာဇ်ကိုမြင်လိုက်သည့်အခါ အံ့ဩဖွယ်မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါလည်း မိန်ဓိရာဇ်ကိုမြင်လျှင် အံ့အားသင့်သွားပြီး ပြုံးမိသည်။

"လျှောက်တင်အပ်ပါသည် အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကျွန်တော်မျိုး မိန်ဓရာဇ်သည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယခုအချိန်ကစပြီး တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ပြုတော်မူပါ ဘုရား"

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now