Chapter 11/U: Empire Conference (2)

158 27 20
                                    




အခန်း(၁၁)
အင်ပါယာ ညီလာခံ ()

(ဟယ်ရီရှိန်းနောင်။ ။ "စောက်ရူးကို လင်လုပ်ထားရတော့ ဆင့်ခေါ်ခံရတာကို မျက်ခုံးနှစ်ဖက်စလုံးရော၊ ရင်တွေ၊ ဖင်တွေပါ အဆစ်လှုပ်နေတာ....")

(စာအုပ်ကြီး။ ။ "မင်းရဲ့လင်ပဲ....စိတ်မနှံ့တာလေးကို ခွင့်လွှတ်လိုက်ပါကွာ။ သူခုလိုဖြစ်တာလည်း ဟိုးအရင်က မိန်ဓိရာဇ်အနေနဲ့ မင်းပေးသွားခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်ပဲကိုး။)

(ဟယ်ရီရှိန်းနောင်။ ။ "အိမ်း....ရှိပါစေတော့။ ဒီနေ့ဆင့်ခေါ်ခံရတဲ့အကြောင်းအရင်းက ကျွန်တော့်ခေါင်း ဆင်တက်နင်းမယ့်ကိစ္စမျိုး မဟုတ်နေဖို့ပဲ ဆုတောင်းပါတယ်။ )

ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် သူ့တို့စိတ်ထဲတွင် အချင်းချင်းဆက်သွယ်နေခဲ့ကြပြီးနောက် ဧကရာဇ်မင်းမြတ် ရာဇာသိင်္ဂါဩရသနှင့် အိမ်ရှေ့စံမင်း ရာဇသိင်္ဂါတို့ရှေ့မှောက်သို့ရောက်ချိန်တွင် ဟယ်ရီရှိန်းနောင်က မိန်ဓိရာဇ်အနေဖြင့် ရိုသေစွာ ဂါဝရပြုခဲ့လျက်။
စာအုပ်ကြီးကတော့ သူ့မှော်အစွမ်းဖြင့် ကိုယ်ရောင်ဖျောက်ထားသည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားထံမှ မှော်စွမ်းအားတချို့သင်ယူတတ်မြောက်ခဲ့သည့်ရာဇသိင်္ဂါကလွဲရင် ဘုရင်မင်းမြတ်ကအစ မှူးမတ်များက စာအုပ်ကြီးကို လုံးဝမမြင်နေရပေ။

ရာဇသိင်္ဂါကတော့ ဖြောင်ခေတ်ကို ဟယ်ရီရှိန်းနောင် ရောက်လာကတည်းက သူနှင့်အတူပါလာသောစာအုပ်ကြီးကို တစ်ချိန်လုံးမြင်နေခဲ့ရသည်။ တမင်တကာ မမြင်ချင်ယောင်ဆောင်ခဲ့ရုံသာ။ စာအုပ်ကြီးကလည်း ရာဇသိင်္ဂါက သူ့ကိုမြင်နိုင်လိမ့်မည်ဟုမတွေးခဲ့သလို အတိတ်ကိုလည်း မှတ်မိလိမ့်မည်မဟုတ်ဟု လျှော့တွက်မိ​၏။
သို့သော် စိတ်ချင်းဆက်သွယ်နိုင်သည့်မှော်စွမ်းအင်ကိုတော့ စာအုပ်ဆရာကြီးက ရာဇသိင်္ဂါကို လွှဲပြောင်းမပေးထားသည့်အတွက် သူတို့ဆရာတပည့်အတင်းတုပ်နေသမျှအကြောင်းကို ရာဇသိင်္ဂါဘက်က မကြားနိုင်ခဲ့ပေ။

ယနေ့ညီလာခံတွင် မိန်ဓိရာဇ်ကိုဆင့်ခေါ်ရခြင်းအကြောင်းက နန်းတော်အတွင်းပျံ့နှံ့နေခဲ့သည့်ကိစ္စတစ်ခုကြောင့်ပင်။ စင်စစ်အားဖြင့် ထိုကိစ္စသည် မိန်ဓိရာဇ်နှင့်သက်ဆိုင်နေပေ​၏။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Where stories live. Discover now