Pt.11

376 42 6
                                    

Uni

ထူးထူးဆန်းဆန်းကျွန်တော်ဒီနေ့ ပေါ့ပါးနေခဲ့တယ်
ကိုကို့ကို လက်မလွှတ်နိုင်ချင်းတွေနဲ့ တစ်ချိန်လုံး ပူဆွေးနေတဲ့ကျွန်တော်က ဒီနေ့အသေအချာကြီးပေါ့ပါးနေခဲ့တာ

"ပျက်စီးပြီးသား စိတ်ရဲ့အပိုင်းအစတွေကို ကိုကိုထပ်ချေမွပစ်လည်း ကျွန်တော်စိတ်မဆိုးရက်ပါဘူး
ကိုကို့လို တန်ဖိုးရှိတဲ့ လူတစ်ယောက်က ကျွန်တော့ဘဝရဲ့ ဗီလိန် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး "

ခပ်ဖျော့ဖျော့အပြာရောင်ကလေးတွေပေါ်  ခပ်ရေးရေးအဖြူရောင်စုတ်တံကလေးတွေကျရောက်တော့ သိပ်လှတဲ့တိမ်စိုင်လေးတွေဖြစ်တည်လာလျက်
ဂျီမင်း မျက်နှာထပ်တွင်လည်း အပြုံးခပ်ရေးရေးကလေးပါ တွဲခိုပုံပေါ်လာခဲ့သည် ...

"ကိုကို "

စုတ်တံတွေကိုင်ထားသော လူသားထံမှ ခပ်တိုးတိုးရေရွတ်သံသဲ့သဲ့ကလေး ...

"ကိုကို တိမ်တွေသဘောကျတာ အဲ့ဒီအမျိုးသမီးကောသိမယ်ထင်သလားဟင် "

ထိုသို့ဆိုကာ ဂျီမင်းသည် တိမ်တွေအားမော့ကြည့်လိုက်သည်
ပြာလဲ့နေတဲ့ တိမ်တွေက နွေဦးမို့လို့လား
သိပ်ကိုလှတယ် ...

"ထူးဆန်းတယ်မဟုတ်လား ကျွန်တော်ပန်းချီဆွဲတတ်တာ
ကိုကိုက ကျွန်တော့မေဂျာနဲ့ပတ်သတ်တဲ့ ဒီဆိုင်းတွေဘဲမြင်ဖူးတာဆိုတော့ အခုလို ကိုကိုကြိုက်တဲ့ ပုံလှလှကလေးဆွဲတတ်တာ သိရင်ရော ကိုကိုပြန်လာနိုင်မှာလား .."

"ဟင့်အင်း ...ကိုကိုက ပြန်လာမှာမဟုတ်ပါဘူး
ဒါက ကျွန်တော့ တစ်ဖတ်သတ်စိတ်ကူးပါ "

ဂျီမင်းသည်ထိုစကားအားဆိုကာ လှလှကလေးအပြီးသတ်ထားသော တိမ်ပြာပြာ ပိတ်ကားချပ်အား အဝတ်ဖြူဖြူဖုံးအုပ်ပစ်လိုက်တော့သည်

လက်လွှတ်နိုင်ရချင်းဆိုတာ နာကျင်ချင်းက တစ်ဆင့်ခံတယ်ကိုကိုရဲ့
အဲ့လူအပေါ် စွဲလမ်းချင်းဆိုတာက အတ္တဆိုရင် ကျွန်တော် ကိုယ့်ကိုကိုယ် မီးရှို့ပစ်လိုက်မယ်
နောင်ဘဝထိ အတ္တကျန်ရှိသေးရင် ကျွန်တော် ကိုကို့ကို အပိုင်ရချင်တယ် .....

အဲ့ဒီနေ့က ကျွန်တော် နယ်ဘက်ကနေ အလုပ်ကိစ္စနဲ့ အိမ်ပြန်ရောက်လာတဲ့နေ့
တညလုံး ပရောဂျက်အတွက် လုံးပန်းခဲ့ရတာမို့ ဂျီမင်းတစ်ကိုယ်လုံး ကိုက်ခဲနေခဲ့သည်

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now