pt.9

1K 85 24
                                    


Uni

ထိုကလေးနဲ့ ဖုန်းပြောဖြစ်တဲ့ညက ပတ်သတ်မှုအားလုံး တကယ်နောက်ဆုံးဖြစ်ခဲ့တယ်တူပါရဲ့ ..

ဂျောင်ကုရှေ့လုံးဝပေါ်မလာသော ဂျီမင်းသည် ဘယ်ဆီကိုများ သူမသိအောင် ပုန်းရှောင်ခဲ့ပါသနည်း

ဘတ်စ်ကားမှတ်တိုင်လေးရှေ့ ၊ စာအုပ်ဆိုင်လေးရှေ့ ‌ တစ်ခါတစ်လေ မြင်ရတတ်သော ယောင်လည်လည် လာချောင်းသော ပုံရိပ်သေးသေးလေးတောင် မမြင်ရခဲ့ပါ
အဲ့လောက်ထိ ဂျီမင်းဟာ ကွယ်ဝှက်သွားခဲ့သည်

မတွေ့ရတော့လည်း စိတ်ပူပန်ရသည်က သူသာ
ပတ်သတ်မှုတွေ တကယ်အဆုံးသတ်သွားမှာ ကြောက်သောသူက ဂျီမင်းမဟုတ်ဘဲ သူသာလျှင်ဖြစ်ခဲ့သည်

မေမေဟာ သူ့ထံ အားရင်အားသလိုလာကြုံးဝါးဆဲ
မားဘာလို့ ပြန်လာခဲ့သလဲ
မားဟာ ဘာလို့ သူ့ကို မပျော်ရွှင်စေရတာလဲ

အပုန်းကောင်းတာ မဟုတ်ဘဲ သူ့ကိုတမင်တကာ မတွေ့ချင်လို့ ပေါ်မလာမှန်း ယွန်းဂီဆီမှ လိမ်လိမ်မာမာ အလုပ်တွေပြန်လုပ်နေတယ် ဟူသော စကားကြောင့် ရိပ်မိရပြန်သည်

အလုပ်လုပ်လည်း ကိုကို့ဆီ တစ်ခါလေးလောက်တော့ လာချောင်းမှပေါ့ ကလေးရယ်
ကိုကို ဘယ်လောက်တောင်လွမ်းနေလိုက်လဲ

ဂျီမင်းအား လုံးဝ မတွေ့ရတာ တလလောက်ကြာပြီဖြစ်သောအချိန်တွင် ဂျောင်ကုဟာ မနေနိုင်တော့ပါ
သွားတတ်သော နေရာလေးတွေအား တိတ်တဆိတ် လိုက်ကြည့်မိသည်
သို့သော် ထိုကလေးနှင့်တူသော ပုံရိပ်လေးတစ်ခုတောင်မရှိ ။
တကယ်ဘဲ ကိုကိုမရှိဘဲ ကောင်းကောင်းနေနိုင်နေပါ့လားဟု တွေးမိပြန်တော့ မနေနိုင်သူဟာ သူတစ်ယောက်ထဲလို

ဂျောင်ကုသည် ဂျီမင်းအား သိပ်ကိုချစ်ခဲ့ပါ၏
ထိုကလေးကို ချစ်ကတည်းက ထိုကလေးဘဲသိတာ  အဲ့ကလေးရဲ့ မိသားစု ၊ နောက်ခံအား ၊ ပိုင်ဆိုင်မှု ဘာတစ်ခုထည့်တွက်ခဲ့ခြင်းမရှိသလို ထိုကလေး အနေရခက်အောင် သူကတော့ ဘယ်သူ့သားပါ သူကတော့ ဘယ်မျိုးရိုးကပါဆိုပြီး ထုတ်ဖော်မပြသခဲ့
တတ်နိုင်တဲ့ ပမာဏလေးဖော်ပြကာ အချစ်တွေတော့ လွန်ကြူးပြသခဲ့မိသည်

ချစ်ခြင်းရဲ့အလင်္ကာ जहाँ कहानियाँ रहती हैं। अभी खोजें