Pt.1

1.4K 96 21
                                    

Uni

သည်းသည်းမဲမဲ ရွာချနေသော မိုးဒေဝါတို့ကြောင့် လမ်းပေါ်ရှိလူအများ ခပ်သုတ်သုတ်သွားလာနေကျသလို ကားလမ်းမကြီးပေါ်ရှိ ကားများသည်လည်း တဝှီးဝှီး ဖြတ်သန်းနေကျသည်

အရာအားလုံး လှုပ်ရှားသွားလာနေကျသည့်ထဲမှ အဝါရောင်ပုံရိပ်တစ်ခုသည်တော့ ဘတ်စ်ကား မှတ်တိုင်အောက် တုန်ရီစွာ ထိုင်နေလျက်

လမ်းသွားလမ်းလာများသည် သူသူငါငါ ထူးဆန်းသော ထိုပုံရိပ်ကလေးအား ကြည့်ကြည့်သွားတတ်ကျသေးသည်
ဒါကိုလည်း အကြည့်ခံနေရသူသည် စိတ်မဝင်စား တစ်ခုခုအား စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့သည်

မိုးခြိန်းလျှင် တုန်သွားတက်သောခန္ဓာကိုယ်လေးသည် ဘတ်စ်ကားစောင့်လျှင်ထိုင်ရန်ပြင်ထားသော ထိုင်ခုံထဲဖောက်ဝင်သွားမတက်
သူ မိုးရာသီကို မကြိုက်ဘူးလို့ တစ်စုံတစ်ယောက်ရင်ခွင်နွေးနွေးထဲဝင်ကာ ဖွင့်ဟဖူးခဲ့သည်မဟုတ်ပါလား
ဒါဆို သူကြောက်ပါတယ်ဟု လက်နက်ချဝင်ခံထားသော သည်မိုးရေတွေ လျှပ်စီးတွေကြား သူဘာကို စောင့်ဆိုင်းနေရပါသနည်း ....

ရာသီဉတုမကောင်းတာကြောင့် ဂျောင်ကုတစ်ယောက် သူ၏စာအုပ်ဆိုင် ကလေးအား စောစောပိတ်သိမ်းလိုက်သည်
မီးတွေအားလုံး မှိတ်သွားမှုနှင့်အတူ ဂျောင်ကုစာအုပ်ဆိုင်ကလေးအား ခပ်ဆွေးဆွေးတစ်ချက်ပြန်ကြည့်လျက် ထီးတစ်ချောင်းဆွဲကာ ထွက်လာခဲ့တော့သည်
မိုးရေတွေ စိုစွတ်နေသော လမ်းပေါ် ခြေချမိသည်နှင့် သူမျက်လုံးစုံမှိတ်လိုက်မိသည်

ဒီအရာတွေကို တစ်စုံတစ်ယောက်ကတော့ သေချာပေါက်မနှစ်သက်ခဲ့ဖူးပါ
ဒီမိုးရေတွေ ၊ ဒီဗွက်အိုင်တွေ တွေ့ရင်
ဘယ်နေရာရောက်ရောက် ချီပိုးခိုင်းတတ်သော တစ်စုံတစ်ယောက်‌ ခါရမ်းပစ်မိသော ခေါင်းနဲ့အတူ အကုန်ပါသွားရင်ကောင်းမယ်

ခပ်သွက်သွက်ထွက်သွားသောသူသည် ဘတ်စ်ကားပေါ်ရောက်မှ အသက်ရှုချောင်ခဲ့သလိုမျိုးပါဘဲ 

အမှတ်တရတွေလေ သူပြန်ငဲ့ကြည့်နေမိတဲ့ အမှတ်တရတွေပေါ့
သိပ်လှခဲ့သလား သိပ်အကျည်းတန်ခဲ့သလား
ဆိုတာ သူ‌မပြောပြတတ် ဝေဝါးစွာဖြင့်

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now