Pt.7

773 75 10
                                    

Unicode

နားစည် ကွဲမတတ် ဆူညံနေသော beatသံများအောက်တွင် ကခုန်‌နေကျသော အသက်တစ်ခုရဲ့လူငယ်များ

အကောင်ဆုံးသော အရာတွေကိုသာ ဆင်မြန်းကာ အကောင်းဆုံးသော နေရာတွေမှာ ပျော်ဝင်တတ်သော ထိုလူများသည် နှစ်ဆယ့်တစ်ရာစုရဲ့ ဒိတ်ဒိတ်ကြဲသူဌေးလေးများသာ

ထိုလူများထဲမှ ထင်းလင်းကာ ပေါ်ထွက်နေသော အလှတရားငယ်သည် ကခုန်နေရင်းဖြင့်ပင် ကပို့ကရို့ နှဖူးပေါ်ဝဲကျလာသော ဆံနွယ်နုနုများအား သပ်တင်လျက်
ရီရီဝေဝေနိုင်လွန်းလှသလို
သူတို့ ဈေးကြီးပေးကာ ပစ်မော့နေသော ဝိုင်ကောင်းကောင်းများထက် ပိုပူပြင်းနေပါသည်

ကြည့်ရုံဖြင့်တောင် ဒီလောက်မိမိုက်နေတာ
ပိုင်ဆိုင်ရကြည့် တအား တအား မိုက်နေမှာဘဲ

ဂျီမင်းသည် မီးရောင်များအလယ် ကခုန်နေသော သူ့ထံသို့ ကလပ်အတွင်းရှိမျက်စိတော်တော်များများ ပြေးလွှားနေတာ သိသော်လည်း ကိုယ့်စိတ်နဲ့ကိုယ် ညစ်နေတာတွေ လာဖြေဖျောက်တာကြောင့် မသိသလိုသာနေနေလိုက်သည်

ခပ်လှမ်းလှမ်းမှ မီးရောင်မှိန်ပြပြအောက်ရှိ စားပွဲဝိုင်းတွင် ထယ်ယောင်းသည် မိန်းကလေးတစ်စုနှင့် တော်တော် စကားကောင်းနေသောပုံ
ဟိုဆော့ဟျောင်းရောက်လာမှ ထိုမိန်းကလေးများလည်း နေရာမှ ခွာသွားကျကာ ထယ်ယောင်းလည်း အသက်ရှုဝသွားတော့သည်

"ထယ်ယောင်းရယ် မင်းလည်း အခုမှ စရောက်လို့သာဘဲ "

အင်္ကျီများအား နေရာတကျ ဆွဲချကာ ထယ်သည် ဝိုင်ကောင်းကောင်းတစ်ခွက်အား ခပ်ပြုံးပြုံး စိုက်ကြည့်ကာ လှုပ်ခါနေလျက်

"ဟျောင်းကလည်း ဒီလို မလွတ်လပ်ရတာ ဘယ်လောက်ကြာပြီလဲ "

"မင်း အပြင်မထွက်ဖြစ်ရင်တောင် ဖုန်းနဲ့ စာအဆက်မပြက်ရိုက်နေတဲ့ကောင်ပါကွာ အပိုလိုတွေ လုပ်မနေနဲ့ "

ထယ်ယောင်းက ချောမောတဲ့ ယောက်ျားတစ်ယောက်။ အထူးသဖြင့် မျက်လုံးတွေ ငြို့ငင်ငင်မျက်လုံးအောက်က မှဲ့လေးတွေ ၊ နှာခေါင်းထိပ်က မှဲ့ကလေးတွေ မိန်းကလေးတိုင်းရဲ့ ရာဇာဘုရင်တစ်ပါးဘဲ

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now