Pt.10

893 61 6
                                    

Uni

ခပ်စူးစူးအလင်းရောင်နှင့် ကျေးငှက်တို့ အသံများကြောင့် ဂျောင်ကုတစ်ယောက် အိပ်ယာထပ်မှ အလူးအလဲ ထလာတော့သည်

ညက ဘယ်လောက်တောင် သူသောက်ခဲ့လဲမသိ ထိုးကိုက်နေတဲ့ နားထင်နှစ်ဖက်ဟာ အခုထိ သူဘယ်နေရာရောက်နေလဲ သတိမထားမိတဲ့အထိ စိုးမိုးနေသောကြောင့် ကုတင်ဘေးရှိ စားပွဲခုံထံမှ ရေတစ်ခွက်အား ယူကာ သောက်လိုက်သည်

တဖြည်းဖြည်းစိတ်ကြည်လာမှုနဲ့အတူ ရင်းနှီးနေသော အခန်းငယ်ကြောင့် ဂျောင်ကုရင်တွေ အဆမတန်ခုန်ပေါက်လာကာ မဖြစ်နိုင်ပါဘူး ဟု သာ ပါးစပ်မှ ရေရွတ်နေခဲ့သည်

ဒီ.. ဒီအခန်း ဒီအနံ့သင်းသင်းတွေက သူ ၃နှစ်လုံးပျော်ဝင်ခဲ့ဖူးတဲ့အရာမဟုတ်လား
ဘာလို့ ဒီထဲကိုရောက်နေခဲ့တာလဲ
ညက သူဘာဖြစ်သွားတာလဲ

မေးခွန်းပေါင်းများစွာနဲ့ ‌သူဟာ ကြောင်တောင်တောင်ဖြစ်နေကာ ရင်ဘတ်ပေါ်ရှိ စောင်အပိုင်းအဆလေးသာ ဆုတ်ကိုင်ထားနိုင်ခဲ့သည်

" ကိုကို အများကြီးတွေးခဲ့တာ
ကိုကို မင်းကိုသိပ်လွမ်းနေခဲ့တာ
နောက်တစ်ခါထပ်တွေ့ဖြစ်ရင် ကိုကို့လက်ထဲက စောင်စလေးလို့ မင်းကို လွှတ်မပေးဘဲ မြဲမြဲစုတ်ကိုင်ထားချင်ခဲ့တာ ကလေးလေးရဲ့ "

မနက်စောစောမှာလည်း အချစ်ကြောင့် ဂျွန်ဂျောင်ကုဟာ မအေးချမ်းနိုင်ခဲ့ပါဘူး
ပါးပြင်ထက် ယိုဖိတ်လာတဲ့ မျက်ရေစတွေကို သူ ဘာနဲ့သုတ်ရမလဲ

အဲ့မျက်ရေတွေကို မုန်းလွန်းလို့ ဇာတ်နာနေတဲ့ အရာတွေကို မုန်းလွန်းလို့ ဒီလို ချစ်စရာကောင်းတဲ့ အခန်းငယ်လေးထဲမှာ ကျမိခဲ့တဲ့ မျက်ရည်စတွေကို မကြိုက်လွန်းလို့
သူဟာ ဒီလိုသတ္တိနဲတဲ့ကောင်ဆိုတာ သူ့ကိုယ်သူ ပိုသိလေ သူ ဒီအခန်းလေးထဲ ကြာကြာမနေနိုင်လေပါဘဲ

ထို့ကြောင့် ဂျောင်ကုတစ်ယောက် စားပွဲပေါ်ရှိ အင်္ကျီရယ် ပိုက်ဆံအိတ်ရယ်အား ကောက်မကာ အခန်းအပြင်သို့ထွက်လာတော့သည်

ယွန်းဂီပြောခဲ့တဲ့ "ဂျီမင်းက အလုပ်တွေပြန်လုပ်နေပြီလေ " ဟူသော စကားက အမှန်ဖြစ်တယ်ဆိုတာ စာကြည့်စားပွဲမှ ဆွဲလက်စ အဆောက်အဦးပုံ အပိုင်းအစလေးတွေကြောင့် သူယုံခဲ့ရတော့သည်

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now