Pt.6

813 73 5
                                    


Uni

"ထယ် .. ထတော့
ဟျောင့် ထတော့လို့ ထယ်ယောင်း "

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် လူတစ်ကိုယ်လုံးအားလှုပ်နှိုးနေသောကြောင့် ထယ်ယောင်း တစ်ကောင့်သားကို ထကန်ချင်နေပြီဖြစ်သည်
မနက်စောစော ဘာလို့ သေမလောက် လာနှိုးနေရပါသနည်း ။

"ဘာလဲဂျီမင်းရာ .. ငါအိပ်ရေးမဝသေးဘူး
အိပ်ပါရစေ တောင်းပန်ပါတယ် "

ထယ်ယောင်းသည် ကုတင်ဘေးရှိသူ့အား မျက်လုံးများဖွင့်မကြည့်ဘဲ ခပ်အက်အက်နှင်ထုတ်နေတော့သည်

"မရပါဘူး .. ထလို့ ထယ် "

သူခြုံထားသော စောင်တွေပါဆွဲချကာ နှိုးစေတော့ ထယ်ယောင်းတစ်‌ယောက် အိပ်ချင်မူးတူးဖြင့်ငူငူငိုင်ငိုင်ထလာသည်

သူ့အား မထမချင်းနှိုးနေသော သူငယ်ချင်းဖြစ်သူအားထယ်ယောင်း မျက်လုံးတွေ မဖွင့်ချင်ဖွင့်ချင်ဖြင့် ကြည့်လိုက်သည်

အားကစားဝတ်စုံဝတ်ကာ လက်ထဲတွင် ကော်ဖီဘူးလေးကိုင်ထားသော ဂျီမင်းသည် မနက်ခင်းဝေလီဝေလင်းအချိန်နဲ့အတူ ရှင်းသန့်နေသည်

ဘာတုန်းဟ .. ဒီကောင်းအသည်းမကွဲတော့တာလား ။

အိပ်မှုန်စုတ်ဖွားဖြစ်နေသော ထယ်ယောင်းလက်ထဲ ‌ကော်ဖီဘူးလေးထည့်ပေးလိုက်ကာ ဂျီမင်းချစ်စရာအကောင်းဆုံး ပြုံးပြလိုက်သည်

"သောက်လိုက်နော် .. ငါမင်းအတွက်ဖျော်ပေးထားတာ ထယ် .. ငါ့ကိုစိတ်မဆိုးပါနဲ့တော့ နော် .. နော် "

သူ့လက်မောင်းအား တွဲခိုကာ ကပ်ချွဲနေသော ဂျီမင်းသည် သူ့အား စိတ်ဆိုးတုန်းအထင်ဖြင့် မချော့တတ်ချော့တတ်လာချော့နေပါသည်

ထယ်ယောင်းတစ်ယောက် ကော်ဖီဘူးအားဖွင့်ကာ တစ်ကျိုက်သောက်လိုက်သည်
သူသောက်နေကျ အရသာဖြစ်တာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေ ကွေးညွှတ်သွားကာ အိပ်ချင်ပြေသွားရသည်

"ပြောပါဦး .. မင်းက ငါ့ကိုဘာလို့စောစောစီးစီးလာနှိုးနေတာလဲ "

"ငါတို့ ‌ပြေးရအောင်ထယ်
မနက်ခင်းအားကစားပေါ့ နော် "

ထူးထူးခြားခြားပြောလာသော စကားဖြစ်တာကြောင့် ထယ်ယောင်း မျက်လုံးလေးတွေဝိုင်းစက်သွားရသည်
ဂျီမင်းနဲ့သူ့ရဲ့အချိန်တွေ နောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီလား
ဂျောင်ကုဟျောင်းနဲ့ လမ်းခွဲပြီးကတည်းက ဂျီမင်းသည် မနက်ခင်း ထပြေးဖို့နေနေသာသာ သူ့ဟာသူသာ အခန်းထဲ ခွေခေါက်နေတတ်သည်
အခုများတွင်တော့ ဂျီမင်းကိုယ်တိုင်သူ့အား ပြေးရန်လာခေါ်နေသောကြောင့် ထယ်ယောင်း ခနစောင့်ဟုဆိုကာ မြန်မြန်ပြင်ဆင်ရတော့သည်

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now