Pt.2

834 75 4
                                    

Uni

ထယ်ယောင်းတစ်ယောက် ဟိုလှည့်ဒီလှည့်ဖြင့် ကျိတ်မှိတ်အိပ်နေရာမှ ပိုပိုဆိုးလာသော တဂွီဂွီအသံများသည် မိမိဝမ်းဗိုက်ထဲရှိ ပိုးကောင်များ သောင်းကျန်းနေပြီဖြစ်သည်

စိတ်ရှုပ်သလို ဆံပင်များအား ဆွဲဖွလိုက်ကာ ကုတင်ထက်မှ ထထိုင်လိုက်သော သူသည် ခြေလှမ်းတွေအား အောက်ထပ်ရှိ မီးခိုခန်းဆီသို့ဦးတည်လျက်

ထယ်ယောင်း လှေကားမှ ဆင်းကာ မီးဖိုခန်းထဲဝင်ရန် မီးဖိုချောင်မီးတွေအား အဖွင့် ထမင်းစား စားပွဲတွင် ထိုင်နေသော သူကြောင့် လိပ်ပြာလွင့်မတက် လန့်ဖြန့်သွားရသည်

"ဂျီမင်း ... မင်း မအိပ်ဘဲ အမှောင်ထဲဘာထိုင်လုပ်နေတာလဲ "

"ငါအိပ်မှ မပျော်ဘဲ "

"မှန်းစမ်း ... ညနေက မိုးတွေမိထားတာ ဖျားများဖျားနေလို့ အိပ်မရတာလား "

ဂျီမင်းဘေးဝင်ထိုင်ကာ သူ နှဖူးလေးအား ကိုယ်ပူရှိမရှိ စမ်းသပ်ကြည့်တော့ ငြိမ်ငြိမ်လေးနေပေးရှာသည်

"ကိုယ်လည်းမပူပါဘူး .. ဘာလို့လဲ
မင်းခုတလော မအိပ်တာပိုများနေသလိုဘဲနော် ဂျီမင်း
ငါလည်း ငါ့အလုပ်တွေငါ ရှုပ်ရှုပ်နေလို့ မင်းကိုဘာမှမပြောတာ 
ကိုယ့်ကျန်းမာရေးကိုတော့ ဂရုစိုက်ရမှာပေါ့"

"ထယ် "

"အွန်း "

သူ့လက်တွေအား အားကိုးတစ်ကြီးဆုတ်ကိုင်လာသူသည် ဘာတွေပြောချင်နေမှန်းသူနားလည်ပါသည်
ညနေကကို ဂျောင်ကုဟျောင်းက သူ့ကို ဖုန်းဆက်သည်မဟုတ်လား
ဂျီမင်းကိုလာခေါ်ပေးဖို့ရယ် ... အွန်း .. ဂျီမင်းကို နောက်ထပ် လာမတွေ့ဖို့ရယ် သူ့ကို‌ပြောသွားသည်မဟုတ်ပါလား ....

"ငါ .. ငါ .. ကိုကို့ ကိုသိပ်လွမ်းတယ် ထယ်
ငါအများကြီးမှားခဲ့တာ ငါသိပါတယ်
ဒါပေမဲ့ ငါအကုန်ပြန်ပြင်ဆင်ပြီး ကိုကို့စိတ်တိုင်းကျဖြစ်စေဖို့ လိမ်မာပေးနေပြီမဟုတ်လား
ဘာလို့ ကိုကိုက လက်မခံနိုင်ရတာလဲ
ဘာလို့ငါ့ကို လက်မခံပေးချင်ရတာလဲ
ငါ့ကို ချစ်ရဲ့သားနဲ့ ဘာလို့မခေါ်ထားချင်တာလဲ "

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now