jimin

801 68 24
                                    

Uni

ခပ်အုံ့အုံရာသီဉတုကို အမှီပြုလို့ ကျွန်တော် ဝရံတာရှိ ခုံပေါ်တွင် ထိုင်ကာ ဖြေးညင်းစွာ တိုက်ခတ်လာသော မိုးသက်လေများအား ခံယူနေမိသည်

လေအေးအေးတစ်ချက်တိုက်ခတ်တိုင်း သူ့ရင်ထဲက ကွဲအက်ကာ စီးဆင်းနေသော အချစ်ရဲ့အပူမီးတွေကို တစ်ခါငြိမ်းသွားတယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ

အခုတော့ဖြင့် သူဟာ လေတိုက်ဘယ်လောက်ခံခံ ပြင်ပခန္ဓာကိုယ်သာ အေးလာပြီး နှလုံးသဲစိုင်တွင်တော့ နွေလည်ခေါင်မှာ နေပူထဲမတ်တတ်ရပ်နေမိသလို ပူရှိန်းရှိန်းသာ ဖြစ်နေတော့တာ ဖြစ်သည်

ငယ်ရွယ်စဉ် သူငယ်ချင်းများ အသဲကွဲတဲ့အခါ သူကြည့်၍ အသံကျယ်ဆုံးဖြင့် လှောင်ရယ်ဖူးခဲ့ပါ၏ ။
ခုတော့ဖြင့် အဲ့ခံစားချက်အား ကိုယ်တိုင်နှဖူးတွေ့ဒူးတွေ့ တွေ့ရမှ ကိုယ်ချင်းစာမိသည်
သိပ်ခံရခက်သကိုး ....

ဂျီမင်း တိုင်စိုင်တွေအား ငေးနေတုန်းမှာဘဲ မိုးသည် ဖြေးငြင်းစွာ ရွာချလာခဲ့တော့၏ ။
သူဒီနေ့ အလုပ်တွေ စောစော အပြီးသတ်ပြီးတာကြောင့် အေးအေးဆေးဆေး ထယ်ယောင်း ပြန်လာတာ စောင့်နေချင်းဖြစ်သည်

ရွာနေသော မိုးတွေအားကြည့်ကာ ဂျီမင်း မျက်လုံးလေးတွေ မှိတ်ချထားလိုက်သည်
အဲ့မိုးတွေကြည့်ရင် သေချာပေါက်သူငိုမိတော့မှာ

ခုချိန်ဆို ကျွန်တော့ကိုကိုက သေချာပေါက် သူထီးအနက်ကြီးကို ထုတ်ဆောင်းနေမှာဘဲနော် ... အဲ့ထီးကြောင့် သူကိုကို့ကို စိတ်အများကြီးကောက်ခဲ့ဖူးသည်
ခုတော့လည်း အဲ့ထီးကြီးကို လွမ်းမိပြန်သည်

"မိုးတွေ ရွာပြန်ပြီ ကိုကိုရယ်
ကိုကိုသာ ပြန်လာခဲ့ရင် ကျွန်တော် ကိုကို့ရင်ခွင်ထဲ ဝင်ခိုနေမိမလား ...
တကယ် သဘောကျတာပါ ကိုကိုရဲ့ နဲနဲလောက်တော့ ယုံပေးဖို့ကောင်းတယ်မဟုတ်လားဟင် "

အတိတ်တွေထဲ ပိတ်မိနေတဲ့ ကျွန်တော့ကို ကိုကိုနဲနဲလောက်‌တော့ စောင်းငဲ့ကြည့်သင့်ပါသည်

အတိတ်မှာ ကျွန်တော်တို့ ရီမောခဲ့ကျဖူးပါသည်
အတိတ်က ကျွန်တော်တို့နှစ်ယောက်ရဲ့ conversation အဟောင်းတွေ
အတိတ်က အနမ်းတွေ
အတိတ်က အချစ်တွေ .....
ကိုကိုကော ပြန်မလွမ်းဘူးလား ...

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now