Pt.3

742 69 1
                                    

Uni

ထိုနေ့ည အဖြစ်အပျက်ပြီးကတည်းက
ဂျီမင်းသည် သူ့ရှေ့ပေါ်မလာတော့ ..

ခါတိုင်းဆို ဘတ်စ်ကားမှတ်တိုင်က ထိုင်စောင့်နေတာတို့ ၊ သူ့စာအုပ်ဆိုင်လေးရှေ့ မသိမသာ လာတတ်တာမျိုး တစ်ခုမဟုတ်တစ်ခု အရိပ်လာပြတတ်သော ထိုကလေးသည် အခုများတော့ပေါ်မလာခဲ့တာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်

နေနိုင်သွားမှာပါလို့ တွေးမိတိုင်း ကျင်တက်လာသော ရင်ဘတ်ထဲရှိ နှလုံးငယ်သည် လက်တွေ့မှာ ထိုကလေးသူ့အား မေ့ပစ်လိုက်မှာ တကယ်စိုးထိပ်ပါသည်
သို့သော် ပြန်လက်ခံမလားဆိုတော့လည်း ဂျောင်ကုဟာ ပြန်လက်မခံချင်ခဲ့
ကိုယ်ဝမ်းနာ ကိုယ်သာသိခဲ့သည်

တယုတယ အချစ်တွေ ထိုကလေးပေါ်ဖြစ်ထွန်းခဲ့တာ .. စသဘောကျပြီဆိုကတည်းက ဘာကလေးသဘောကျတတ်တယ် စိတ်ကလေးကတော့ဘယ်လို သူဘယ်အရာလေးတွေ မကြိုက်တတ်ဘူး ..စသည့်စသည့်အကုန်လုံး သူလေ့လာခဲ့သည်

ရှောင်ရန်ဆောင်ရန်လေးတွေ ထိုကလေးစိတ်အနှောက်အယှက်မဖြစ်စေဖို့ သေချာ လုပ်ဆောင်ခဲ့ပါသည်
သို့သော် ထိုကလေးဟာ အဲ့လိုမဟုတ်ခဲ့
ဂျီမင်းဟာ အခုမှ ကျွန်တော့အပေါ်ပြောင်းလဲလာခဲ့တာပါ အရင်က ချစ်ပါတယ်ပြောကြီး လုံးဝမချစ်ခဲ့တဲ့လူ
စိတ်နာဖို့ကောင်းသော်လည်း ကျွန်တော်ဟာ ထိုကလေးနဲ့ပတ်သတ်ပြီး စိတ်မနာတတ်ခဲ့

သဘောကျနေတယ်ဆိုတာ ဖွင့်ဟဖို့တောင် တုန်တုန်ယင်ယင်တွေဖြစ်ခဲ့ရကာ ဘဝမှာ အကြိမ်ကြိမ် တွေဝေခြင်း ဖြစ်ခဲ့သည်
ထိုကလေးဘက်မှ

"ကိုကို ကျွန်တော့ကို သဘောကျလို့လား"ဟု လမ်းဖောက်ပေးမှ သူရှေ့ဆက်တိုးခဲ့တာဖြစ်ပြီး
ထိုကလေးဘက်မှ "ကျွန်တော်တို့လမ်းခွဲရအောင်"ဆိုသော ရပ်တန့်ခြင်းစကားတစ်ခွန်းဖြင့်လည်း သူ့ခြေလှမ်းတွေ ရပ်တန့်ပေးခဲ့တာဖြစ်သည်

အရာရာ ဂျီမင်းသဘောပါ ....
အားလုံး ဂျစ်တူးလေး သဘောမဟုတ်လား
ပြန်ချစ်ကြည့်ဖို့က သိပ်ခက်တယ်
သူတော်တော် ကြိုးစားရမယ်
ဂျီမင်းကို သူကြောက်ပါတယ်

coffee တစ်ခွက်ဖြင့် ထိုကလေးအကြောင်း မနက်ခင်းရှုခင်းအားကြည့်ကာ တွေးတောနေမိပြန်သည်

ချစ်ခြင်းရဲ့အလင်္ကာ Where stories live. Discover now