ep-21

133 16 2
                                    


[zawgyi]

"အကိုကို ကျွန်တော်တောင်းပန်ပါတယ်
အကိုကို နာကျင်စေမိတာတွေကိုကော
ကျွန်တော်တောင်းပန်ပါတယ်"

ရိပေါ် ကျန့်ရဲ့စကားသံတွေရဲ့အကြောင်းတွေကို
တစ်ခုမှ နားမလည်ပါ။

ဟွန့်....!!

ကျန့်က သူကို ဘာတွေလာပြောနေတာလဲ..?

ကျန့်က အသံတွေတိတ်ဆိတ်သွားတာမို့
ရုံးခန်းတစ်ခုလုံးကလည်း
တိတ်ဆိတ်ငြိမ်သက်သွားသည်။

"ကျန့် မင်းဘာတွေပြောနေတာလဲ..?"

တိတ်ဆိတ်နေတဲ့ အခန်းတစ်ခုလုံးဟာ
ရိပေါ်ရဲ့ အသံကြောင့်
တိတ်ဆိတ်မှုတွေ ပျောက်သွားနေပြန်သည်။

သူရှေ့မှာ ဒူးထောက်ချလာကာ
သူကို မျက်ရည်တွေနဲ့ကြည့်လာတဲ့
ကျန့်ရဲ့ မျက်လုံးထဲက
အဓိပ္ပါယ်တွေကိုတော့
ရိပေါ် မဖတ်နိုင်ခဲ့ပါ။

ရွတ်..ရွတ်..

ကောင်လေးက ရှိုက်ကြီးသငယ်
စတင်ငိုလာပြန်တာမို့ ရိပေါ်
ဒူးထောက်နေတဲ့ကောင်လေးနားကို
ပြေးသွားလိုက်ရပြန်သည်။

"အကိုကို ကျွန်တော် ဒူးထောက်တောင်းပန်ရမယ်ဆိုရင် အကိုကျွန်တော်ဘေးနားက
မထွက်သွားပေးတော့ဘူးမလားဟင် ရွတ်..!!"

ကျန့်ရဲ့ စကားသံတွေထဲက
ဝမ်းနည်းမှုကို ရိပေါ် ခံစားလိုက်ရသည်။

ရုတ်တရက်ဆိုသလို
သူစိတ်ထဲ ဘယ်လိုကြီးဖြစ်သွားမန်းမသိ..

"ဘာလို့ဒူးထောက်နေရတာလဲ..?
အကိုက ဘယ်ကိုထွက်သွားရမလဲ..?"

သူပြောတော့ သူကို
မျက်ရည်ကျနေတဲ့ မျက်လုံးတွေနဲ့
အပြုံးရိတ်ကလေးသန်းသွားတဲ့
ကျန့်ကို ကြည့်ပြီး
ရိပေါ်ရင်ထဲ ပြုံးချင်သွားသလို...

ကျန့်က အတော်ကိုကလေးဆန်သား..
မျက်ရည်တွေနဲ့ကို သူအပြောကြောင့်
ပြုံးလာတဲ့ကျန့်ကို ရိပေါ်
ကျန်ရဲ့ ပါးပြင်ပေါ်က
မျက်ရည်စက်တွေကို သုတ်ပေးလိုက်သည်။

"ကဲပါ ကလေးလေးကျလို့
ငိုနေတာ အကိုက ဘယ်ကိုထွက်သွားရမလဲ..?"

"အကို အကို ချစ်တယ်ဗျ"

"ဟင်.."

ကျန့်ဆီက သူကိုချစ်တယ်ဆိုတဲ့
စကားကြောင့် ရိပေါ်
ရင်ဖက်ထဲ ဘယ်လိုဖြစ်သွားမန်းမသိပြန်..

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now