[zawgyi]ရိပေါ်တစ်ယောက် တောင်တောင်ကြီးနဲ့သာ
ရပ်နေရာမှာရပ်နေမိသည်။ယွမ်၇၁၀၀၀တဲ့လား...?
အဲလောက် ဈေးကြီးတဲ့သွားတိုက်တံကို
ဘယ်သူက ထုတ်ထားရပြန်တာလဲကွာ...သူဝတ္ထုထဲမှာတောင် သူက
အဲယွမ်၇၁၀၀၀ကို အလွယ်တကူနဲ့
ရနိုင်တယ်ဆိုပေမဲ့ ဝယ်သုံးဖို့အထိ
ဝန်လေးနေမှာရယ်....အဲလောက် ယွမ်အများကြီးကို
သွားအတွက်နဲ့ ထည့်မသုံးနိုင်ပါဘူး။သူက ဆေးကျောင်းသားပါ။
မကြာခင်တောင် ဆရာဝန်ဖြစ်တော့မှာကို...ဒီဝတ္ထုထဲကိုသာ မရောက်လာရင်
ဆရာဝန်ဖြစ်ပြီးနေလောက်ရောပေါ့။ဆရာဝန်အတွေးအခေါ်နဲ့တွေးမယ်ဆိုရင်လည်း
အဲသွားတိုက်တံဝယ်မဲ့ယွမ်ကို မသုံးပဲနဲ့
အခြားလိုအပ်တဲ့နေရာတွေမှာ
ဖြည့်ချက်ပြီး သုံးလိုက်မှာ...ကိုယ်ဒီလိုတွေးလိုက်ရတာကလည်း
သွားတိုက်တံကို အာမခံချက်နဲ့
ထုတ်လိုက်တဲ့ သွားဆရာဝန်တွေကို
ပစ်မှားတဲ့စိတ်နဲ့ တွေးတာမျိုးလုံးဝမဟုတ်ပါဘူး။ဒါပေမဲ့ ဒီလောက်ယွမ်အများကြီးကိုတော့
သွားတိုက်တံလေးတစ်ချောင်းအတွက်နဲ့တင်
အသုံးပြုလိုက်တဲ့ ရှောင်းကျန့်ကိုလည်း
ရိပေါ် အံသြမိပါသေးသည်။ချမ်းသာတဲ့လူတစ်ယောက်အတွက်
ယွမ်၇၁၀၀၀က မပြောပါလောက်ပေမဲ့
အလယ်လတ်အတန်းစားတို့ မပြေလည်တဲ့လူတွေအတွက်ကတော့ လုံးဝ ဒီယွမ် amountက
တအားများလွန်းနေသေးတယ်။"အကိုအကို... "
"......."
"အကိုအကို..."
ရိပေါ် အတွေးကမ္ဘာမှာ
ရှောင်းကျန့်က သူရဲ့လက်တွေကို
ဆုပ်ကိုင်လာတဲ့အချိန်မှ ထွက်လာနိုင်ခဲ့သည်။"ဟင်..."
"အကိုက ဘာတွေအဲလောက်ထိတွေးနေသေးတာလဲဗျ.."
"ရှောင်းကျန့် ဒီလောက်ယွမ်amountများတဲ့
ဈေးပေးပြီး သွားတိုက်တံတစ်ချောင်းကို
ဝယ်ထားရတာလဲကွာ.."ရိပေါ် စိတ်ထဲက သဘောမကျတဲ့အတိုင်း
ရှောင်းကျန့်ကို ထုတ်ပြောပြမိသည်။
CZYTASZ
ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့
Romansဇာတ်ကောင် ကျွန်တော်က ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်တဲ့လား..? ဒါပေမဲ့ ထူးဆန်းတာက ပိုပြီ ရှိနေပြန်သေးတယ်.. အဲတာက ကျွန်တော်ဘဝရဲ့လက်တွဲဖော် ကျွန်တော်ဘဝရဲ့လက်တွဲဖော်က ကျွန်တော်ဇာတ်ကောင်နေရာက ပါဝင်တဲ့ ဝတ္ထုထဲက မဟုတ်ပဲနဲ့ အခြားဝတ္ထုတစ်ခုက ဇာတ်လိုက်တစ်ယောက်တ...