ep-17

145 16 4
                                    


[zawgyi]

သဘာဝတရားက ပြောင်းလဲလာခဲ့ပြီ။

လေလေးတွေရဲ့ အသာအယာတိုက်ခက်မှုကြောင့်
သစ်ရွက်ကလေးတွေဟာ
ဘယ်ဘက်ကို ရိန်းလိုက်
ညာဘက်ကိုရိန်းလိုက်နှင့်
ဇာတ်ခုံပေါ်မှာ ကပြနေတဲ့
လူရွှင်တော်များသဖွယ် ဟိုပြေးလိုက်ဒီလိုက်နဲ့
ဖြစ်နေခဲ့သည်။

နေမင်းကြီးကလည်း သူအလုပ်ချိန်ဖြစ်တာမို့
ကောင်းကင်ရဲ့အလယ်မှာ
တိမ်တိုက်များနဲ့အတူ
လောကကြီးအတွက် အလင်းရောင်ကို
ယူလာပေးနေခဲ့သည်။

နေ့မထွက်ခင် အာရုဏ်ဦးထဲက
လှည်ပတ်နေတဲ့ တစ်ခုသောဟာကတော့
ပင်ပန်းနေလောက်ရောပေါ့။

ရိပေါ် သက်ပြင်းတစ်ချက်ကို
ချလိုက်ပြီး နာရီကို
ကြည့်လိုက်မိသည်။

aww!!
နေ့လယ်၁နာရီတောင် ထိုးနေခဲ့ပြီပဲ။

သူခဗျာက မနက်ခင်းထဲက
အလုပ်တွေလုပ်နေရင်းကို
သူကို ထိုင်ခုံမှာမှီကာ
ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့
ရှောင်းကျန့်ကြောင့် သူစိတ်တွေကို
အတက်နိုင်ဆုံးလျော့ချထားကာ
fileတွေအပေါ်ပဲ စိတ်ရောက်နေခဲ့မိတာနဲ့
နေ့လယ်စာစားဖို့
အချိန်တောင် အတော်လစ်နေပြီပဲ။

ရိပေါ် တွေးရင်းနဲ့
ရှောင်းကျန့်ရှိရာ ထိုင်ခုံကို
ကြည့်တော့ သူဘက်ကို
မျက်နှာမူကာ အိပ်ပျော်နေတဲ့
ကောင်လေးကြောင့် ရိပေါ်
ပြုံးမိလိုက်သည်။

ရိပေါ် ရှောင်းကျန့်ရဲ့
အနားကိုတစ်ချက်သွားကြည့်မိသည်။

ရှောင်းကျန့်က တကယ်ကိုချောတာပဲ။

မင်းသားလုပ်မယ်ဆိုရင်တောင်
တရုတ်တစ်ခုတည်းတောင်မဟုတ်ဘူး
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းကို
ဆွဲဆောင်နိုင်တဲ့မင်းသားတစ်ယောက်ဖြစ်လာမှာ..

ရိပေါ် တွေးရင်းပြုံးမိသည်။

သို့ပေမဲ့ ရှောင်းကျန့်က
ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်ပဲလေ..
ဘယ်လိုလုပ်ပြီးတော့ စိတ်ကြိုက်
လုပ်ပိုင်ခွင့်ရှိမှာလဲ..?

တစ်ခါတစ်ခါ သူဒီလို
သူတို့ကဝတ္ထုတစ်ခုရဲ့
ဇာတ်ကောင်တွေလို့ တွေးမိတိုင်း
စိတ်ထဲမှာ ရင်နာရသလိုကို
ဖြစ်သွားသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now