ep-15

172 18 4
                                    


[zawgyi]

ဒွန်းးဒွန်းးးးးဒွန်

ဒွန်းဒွန်း.......
ဒွန်းဒွန်း ဒွန်းဒွန်း ဒွန်းဒွန်...

လေပြေလေညင်းတွေက🌬
အခန်းတစ်ခန်းကို ဝှေပတ်နေခဲ့သည်။

🔊🎼🎼 When I need motivation
My one solution is my king
Cause he stay strong Yeah.. Yeah!!
He is always in my corner
Right there when I want him🔊🎼🎼

သီချင်းသံလေးတွေဟာလည်း
ထိုအခန်းဆီမှာ ထွက်ပေါ်လာနေခဲ့ပြီ။

အခန်းတစ်ခန်းထဲကို
နေရောင်ခြည်လေးတွေဟာ ဖြာကြနေခဲ့ပြီး
ကောင်လေးတစ်ယောက်ရဲ့ ဆံနွယ်တွေကြားကို
ထိုးလို့နေခဲ့သည်။

မိုးသက်ရဲ့ခပ်အေးအေးအစား
လေပြေလေညင်းလေးတွေဟာ
ထိုကောင်လေးရဲ့ ဆံနွယ်တွေကို
အနည်းငယ် တိုက်ခိုက်ပေးနေခဲ့သည်။

အိပ်ရာပေါ်က ကောင်လေးငယ်က
နိုးစက်ကလေးကိုပြန်ပိတ်လိုက်ပြီး
ခေါင်းအုံးကို သူရဲ့ခေါင်းပေါ်ကို
ထပ်မံပြန်တင်လိုက်ပြန်သည်။

မကြာခင်အချိန်တစ်ခုအတွင်းမှာပဲ
ထိုအခန်းထဲကို ဝင်လာတဲ့
ကြက်သားကြော်အနံအသက်လေးတွေက
အိပ်ပျော်နေတဲ့ကောင်လေးရဲ့
နှုတ်ခေါင်းထဲကို ဝင်ရောက်စိုးမိုးလာခဲ့သည်။

အိပ်ပျော်နေတဲ့ကောင်လေးက
သူနှုတ်ခမ်းတွေကို
လျှာနဲ့ရှုက်နေမိသည်။

ထိုကောင်လေးက
သူရဲ့အိပ်မက်ထဲမှာပင်
ထိုမွေးလွန်းနေတဲ့ ကြက်သားကြော်ကို
စားပစ်ခဲ့ပြီးပြီ။

သူအိပ်မက်နဲ့တင်ကို ထိုကောင်လေးက
မျက်လုံးမှိတ်နေရာမှ ပြုံးနေခဲ့သည်။

"Good morningပါအကို"

ရိပေါ် အိပ်နေရာမှ
ကြားလာတဲ့ ရှောင်းကျန့်ရဲ့စကားသံတွေကြောင့်
အိပ်ချင်မူးတူးမှ ထလာခဲ့သည်။

မျက်လုံးမဖွင့်ခင် မျက်လုံးကို
သူရဲ့လက်တွေရဲ့ ပွတ်သက်နေခဲ့သည်။

ရိပေါ် မျက်လုံးဖွင့်ဖွင့်ချင်း
သူရဲ့မျက်နှာနဲ့ အနီးဆုံးမှာ
ပေါ်လာခဲ့တဲ့ ရှောင်းကျန့်ကြောင့်
ထိုင်နေရာမှ အနောက်ကို နည်းနည်းဆုပ်မိသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now