Ep-5

228 20 4
                                    


[zawgyi]

သူကို ၂နာရီလောက်အထိ
ရင်ဖွင့်နေတဲ့ ရှောင်းကျန့်က
မနက်၅လောက်မှာ သူရင်ခွင်ထဲမှာ
အိပ်ပျော်သွားခဲ့သည်။

ရိပေါ် ရှောင်းကျန့်ကို
အိပ်တာနဲ့ ကုတင်ပေါ်ကို တင်ပေးလိုက်ကာ
သူအခန်းကို ထွက်လာခဲ့သည်။

ပြီးတာနဲ့
အိပ်စက်ခြင်းသို့။

ရိပေါ် မနက်လင်းတော့
ရေမိုးချိုးပြီ ခေါက်ဆွဲခြောက်ပြုတ်ချိန် အတွေးထဲ ဝင်လာတဲ့ ရှောင်းကျန့်

ချိုင်လျန် သေဆုံးတော့ ရှောင်းကျန့်က
အစားကို ပုံမှန်မစားတော့ဘူး
companyကိုတောင် ၆လကျော်ကျော်မှ သွားနိုင်တာဆိုပဲ။

ရိပေါ် ရှောင်းကျန့်အတွက်ပါ
ခေါက်ဆွဲပြုတ်ပြီ ယူသွားပေးရမလား?
စဉ်းစားနေသည်။

တော်ပြီ
သွားခေါ်လိုက်မယ်

ရိပေါ် ရှောင်းကျန့်အခန်းထဲကို
တံခါးခေါက်ပြီ ဝင်သွားတော့
အရက်ပုလင်းကို ရှေ့ထားကာ
ငိုနေတဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ်ဘေးနားကို ပြေးသွားလိုက်သည်။

"ရှောင်းကျန့် ဘာလို့အရက်တွေသောက်နေတာလဲ? လာခဲ့ မျက်နှာသစ် မဟုတ်ဘူး ရေချိုးလိုက်"

ရှောင်းကျန့်က သူကိုဘာမှပြန်မပြော
သူခိုင်းတဲ့အတိုင်းကို လုပ်လိုက်သည်။
ရိပေါ် တွေးမိပြန်သည်။

သူရှောင်းကျန့်ဘဝကို ဝင်စွတ်ဖက်လာသလိုပဲ။

တစ်ခါတည်း ရေချိုးပြီးလာတဲ့
ရှောင်းကျန့်ကို သူအခန်းထဲဆွဲခေါ်လာလိုက်သည်။

"စား"

ရှောင်းကျန့်က သူမျက်နှာကို တစ်ချက်ကြည့်လာသည်။

"အကိုက ဘာလို့ကျွန်တော်ကို"

"ချစ်လို့ဟေ့ ချစ်လို့"

ရိပေါ် သူပါးစပ်ထဲက
ထွက်သွားတဲ့ စကားကြောင့် ကိုယ်ပါးစပ်ကို
ပြန်ပိတ်လိုက်သည်။

သေလိုက်စမ်း!!!
ဘာစကားတွေ ပြောမိပြန်ပြီလဲ
ဒီပါးစပ်ကတော့

ရှောင်းကျန့်ကကော ငိုထားတဲ့
မျက်လုံးဖောင်းတွေနဲ့ သူကို
ပြူးကြည့်လာသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Tahanan ng mga kuwento. Tumuklas ngayon