ep-16

148 18 4
                                    

[zawgyi]

ခွပ်...!!

ဖန်ခွက်ကွဲကျသံက
အခန်းတစ်ခုလုံးရဲ့
လေထုအားတစ်ခုလုံးအပေါ်
သက်ရောက်မှုတွေ ရှိသွားခဲ့သည်။

အဟင့်အဟင့်...

ထိုအခန်းတစ်ခုထဲမှာပဲ
မကြာခင်က ထွက်ပေါ်လာတဲ့
မိန်းကလေးတစ်ယောက်ရဲ့ငိုသံတွေ...

ဟွန့်ဟွန့်

ထိုကောင်မလေးက ရှိုက်ကြီးသငယ်ကို
ငိုနေခဲ့သည်။

မဟုတ်ဘူး... မဖြစ်နိုင်တာ..
မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး
ဒီဟာက ဖြစ်နိုင်မလဲ..?

သူမက ဒီလိုမျိုး မဖြစ်နိုင်အောင်ကို
လုပ်ထားတာကို ဘာကြောင့်
ဖြစ်နေရတာလဲ..?

သူမချစ်ရတဲ့သူကို
သူမပိုင်ဆိုင်ရတော့မယ်လို့
စဉ်းစားလိုက်တိုင်း ဘာကိစ္စကြောင့်
အနှောင့်အယှက်တွေက ပေါ်လာရပြန်တာလဲ..?

အနှောင့်အယှက်က သေးသေးလေးဆိုရင်
သူမ ထိုအနှောင့်အယှက်ကို
သူမချစ်ရသူအနားက
အမြန်ပထုတ်လိုက်လို့
ရပေမဲ့ အခုဟာက..
အခုဟာက...
သူမအရင်က ပထုတ်ခဲ့ပြီသားက
ပြန်လည်ရောက်ရှိလာတာကြောင့်
သူမအတွက် ထိုနည်းလမ်းကို
အသုံးပြုရန်အတွက် ခက်ခဲနေရပြန်သည်။

သူမကလည်း အရင်ဘဝက
ဝဋ်ကြွေးတစ်ခုခုများ
ရှိနေခဲ့တာလား..?

ဒါကြောင့်မို့ သူမချစ်ရသူနဲ့
မပေါင်းဖက်နိုင်အောင်
အဲဝဋ်ကြွေးက သူမရဲ့အချစ်တွေကို
လိုက်ပြီး ဖြတ်တောက်ပေးနေခဲ့တာလား..?

ဝဋ်ကြွေးတွေရှိရင်လည်း
သူမကြေစေချင်ပြီ။

သူမရဲ့ချစ်ရသူနဲ့ သူမ
ဒီဘဝမှာ ပေါင်းဖက်ချင်မိပါသည်။

aww...!!!

သူမက သိပ်ကိုပင်ပန်းနေပြီ...
သူမတစ်ခြားတစ်မျိုးကို စဉ်းစားရမယ်။

ဟုတ်တယ်...
သူမချစ်ရတဲ့သူကို
သူမကပဲ ပိုင်ဆိုင်ရမယ်။

သူမချစ်ရတဲ့သူက
သူမအတွက်ပဲဖြစ်ရမယ်။
သူမနဲ့ပဲ ပေါင်းဖက်ရမယ်။

မှန်တယ်...
သူမချစ်ရသူနဲ့သူမ ပေါင်းဖက်နိုင်ရန်အတွက်
သူမဘာတွေများလုပ်ရင်ကောင်းနိုင်မလဲ..?

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now