ep-9

241 21 2
                                    

[zawgyi]

ဟွန့်..!!

အခန်းတစ်ခုလုံးကို
သက်ပြင်းချသံတွေက
ကြီးစိုးသွားသည်ထင်ရအောင်
အခန်းက တိတ်ဆိတ်သွားခဲ့သည်။

ရိပေါ် ဒီလိုအခြေအနေမျိုးကို
မကြိုက်ဘူး။

အခုရှောင်းကျန့်မေးတာကိုလည်း
သူက ဘယ်လိုပြန်ဖြေရမှာလဲ..?

သူက အမှန်အတိုင်း ပြောပြရအောင်လည်း
သူကို ရူးနေတာလားလို့
ပြန်မေးမှာ သူသိသည်။

ဘယ်လိုအခြေအနေကြီးလဲကွာ..!!
တစ်ယောက်ယောက် သူကို
ဒီလိုအခြေအနေကနေ ကယ်ထုတ်ပေးကြပါလား..?
(အားနာပေမဲ့ မတက်နိုင်ပါဘူး ရိပေါ်ရယ်🙃)

ရိပေါ် သူအဖြေကို စောင့်ကာ
သူကို စူးစိုက်စွာကြည့်နေတဲ့
ရှောင်းကျန့်ကြောင့် ရှက်တောင်ရှက်မိလာသလိုပါ။

တီ...တီ....

"ခဏလေးနော်"

ရှောင်းကျန့်က ဖုန်းလာသံကြောင့်
ထွက်သွားတော့မှာ ရိပေါ် စိတ်အေးသွားတော့သည်။

ဟွန့် ..!!

သက်ပြင်းကို ရဲ့ရဲ့ချလိုက်ပြီ
ရှောင်းကျန့်မေးခွန်းအတွက်
ဆင်ခြေအဖြေကို ရှာနေရသည်။

ရှောင်းကျန့် အလာကိုမစောင့်ပဲ
ရိပေါ် သူcondoကို ပြန်သွားလိုက်သည်။

ကောင်းလိုက်ပါရော..!!
ဟင်းတွေက အေးစက်နေပြီ...

ရိပေါ် ဟင်းခွက်တွေကို သေချာ
ဟင်းအိုးထဲကို ထည့်ပြီ ပြန်နွေးလိုက်သည်။

ဒီဇာတ်လမ်းက သူထင်တာထက်
ပိုပြီ ထူးဆန်းနေခဲ့ပြီ။

ဘာတွေလဲ..?
သူဒီဝတ္ထုကို ဖတ်တုန်းက
ရိုးရိုး ကောင်လေးတစ်ယောက်ရဲ့
အလွမ်းဝတ္ထုလိုပဲ ထင်ခဲ့တာလေ။

အခုဟာက ဘာတွေအဲလောက်တောင်
ပြောင်းလဲနေရတာလဲ..?

ရုတ်တရက် နွေးသွားတဲ့
သူနောက်ကျောကြောင့် ရိပေါ်
ခဏတာ ကြောင်သွားမိသည်။

ဘာလို့အဲလောက်တောင် နွေးသွားရတာလဲ..?

"အရူးလေး"

သူနောက်ကနေ လုံးဝကြားရတဲ့
ရှောင်းကျန့်ရဲ့ ရှင်းရှင်းလင်းလင်း အသံကြီးကြောင့်
ရိပေါ် အနောက်ကို လှည့်လိုက်မိသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now