ep-13

188 18 4
                                    

[zawgyi]

တိတ်ဆိတ်နေတဲ့ စာအုပ်ဆိုင်လေးတစ်ခုမှာ
မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့
ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်။

ကောင်မလေးဖြစ်သူက
ဝတ္ထုစာအုပ်တစ်အုပ်ကို ပြုံးရွှင်ပြီး
ဖတ်နေခဲ့သည်။

သူမ သိပ်သဘောကျတယ်
ဝတ္ထုစာအုပ်ထဲက ပြောင်းလဲသွားခဲ့တဲ့
အပိုင်းတွေကို သူမသိပ်ကို
သဘောကျလှသည်။

ဝတ္ထုစာအုပ်ကို တစ်မျက်နှာပြီ
တစ်မျက်နှာ လှန်ကာ
ဖတ်နေရာက သူမစိတ်ထဲ
ရုတ်တရက် ဝမ်းနည်းသလို
ဖြစ်လာမိသည်။

သူမအကို အခုဆိုရင်
ဖြေသာလောက်ပါတယ်။
ပိုပြီး အဆင်ပြေလောက်ပါတယ်။

သူမစိတ်ထဲအတွေးတွေကို
ရပ်လိုက်ပြီး ဝတ္ထုစာအုပ်ကို
ပြန်ဖတ်သည်။

သူမရဲ့ စာရေးစားတဲ့
ဝတ္ထုတွေက အလိုတွေရှိသေးတာမို့
ကောင်းကောင်း ဝင်ငွေရှာယူလို့
မရတာကြောင့် အနည်းငယ်တော့
စိတ်ပျောက်မိသားရယ်....

ဒါပေမဲ့လည်း ဒီနေ့က
သူမဘဝမှာ အပျော်ဆုံးနေ့တစ်ခုပဲလေ...

သူမစိတ်ထဲမှာ တွေးနေစဉ်
သူမကို ပြုံးပြီး ကြည့်နေတဲ့
သူမချစ်သူကို သူမအခုမှ
သတိရမိသည်။

"ရှင်းချန် ပင်ပန်းနေပြီလား..?"

သူမပြောတော့ သက်ပြင်းရဲ့ရဲ့ချလာတဲ့
သူမကောင်လေးက သူမကို
လုံးဝမငြိုငြင်ဘူးဆိုတာ
သူမလုံးဝသိလိုက်သည်။

ရှင်းချန်က သူမရဲ့သဘောအတိုင်း
အရာရာကို လိုက်လုပ်ပေးတက်တဲ့
သူမဘဝရဲ့လက်တွဲဖော်လေး...

သူမကြောင့် တစ်ခုခုတစ်စုံတစ်ရာရာ
ဖြစ်သွားရင်လည်း ရှင်းချန်က
သူမအနားနားမှာ နေပေးပြီး
မဖြစ်နိုင်တာတွေတောင်
သူမအတွက် ဖြစ်နိုင်တာဖြစ်အောင်
လုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ပေါ့။

"ကိုယ့် ဘာဆက်လုပ်ပေးရမလဲ..?
အခု သူတို့ကို ကြည့်ရတာက
တစ်ယောက်အပေါ်တစ်ယောက်
မေတ္တာသက်ဝင်နေတာ မသိကြသေးဘူး"

ရှင်းချန်က နှာတစ်ချက်မှုတ်ကာ
သူရဲ့ချစ်ရတဲ့ မိန်းကလေးလေးဆီကို
လျှောက်တင်လိုက်မိသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now