ep-18

162 14 4
                                    

[zawgyi]

ညဝင်ညိုရီအချိန်မှာ
ကောင်းကင်တစ်ခုလုံး
ညရဲ့အငွေ့အသက်ဖြစ်တဲ့
အမှောင်သန်းနေခဲ့ပြီ
သို့သော် ညမဟုတ်သေး။

နေ့ခင်းတစ်ချိန်လုံး
တီတီတာတာ တေးဆိုနေကြတဲ့
ငှက်ကလေးများလည်း
အိပ်တန်းကို ဝင်ဆော့မယ်
အချိန်တစ်ခုဆိုလည်းမမှားသလို...

တောလပ်တွေမှာဆို
ကောက်စိုက်ရာကနေပြန်လာကြတဲ့
အချိန်...

မြို့ပြတွေမှာဆို ရုံးဆင်းချိန်မို့
ကားလမ်းတွေမှာ ကြပ်ပိတ်လွန်းနေတဲ့
အချိန်တစ်ချိန်ပေါ့။

တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့
ညနေခင်းတစ်ခုကို
လူအတော်အများက
ပိုင်ဆိုင်ကြလိမ့်မည်။

သို​သော်များလည်း
ဝမ်ရိပေါ်ဆိုတဲ့သူကတော့
တိတ်ဆိတ်ခြင်းဟာ
ဘယ်နားမှာ သွားနေနေလဲတောင်
စဉ်းစားလို့မရခဲ့ပါ။

အမောင်ရှောင်းကျန့်ရဲ့စကားတွေကိုသာ
နားမပူအောင်
တစ်လုံးချင်း စေ့စေ့စပ်စပ်နားထောင်ပေးနေရသည်။

သူက စေ့စေ့စပ်စပ်
နားမထောင်တာကို သိရင်လည်း
သူကို မေးခွန်းတစ်ပိဿာနဲ့
သတ်တဲ့ ကျန့်ကြောင့်
ကျန့်ရဲ့ အပြောတိုင်းကို
ရိပေါ် ခင်ဗျာ ခေါင်းလေးကို
တညိမ့်ညိမ့်နဲ့ နားထောင်ပေးနေရသည်။

သူခင်ဗျာ ခေါက်ဆွဲကြော်နေရင်းနဲ့ကို
တကူးတက နားထောင်ပေးနေတာကို
သိတဲ့ အမောင်ရှောင်းကျန့်က
ပြုံးပြုံးကြီးနဲ့
စကားပေါင်း၁၆၀၀၀ကို
ပြန်ပြီး ပြောလာပြန်သည်။

ကျန့်ပြောတာတွေကလည်း
harry potterဇာတ်ကား
အကြောင်းတွေကြီးပဲ..

ဇာတ်ကားထဲက harry potterနဲ့
ဘယ်သူဆိုလာ.. မသိတော့ဘူး
အဲလူနဲ့ကို ကျန့်က
သဘောတူတဲ့အကြောင်း..

harry potterထဲက
ဇာတ်ဝင်ခန်းတော်တော်များများရဲ့
အကြောင်းတွေကို သူကို
အစအဆုံးမကျန်ပြောပြနေသည်ဟုတောင်
ထင်လို့ရပါသေးသည်။

ဟွန့်....

harry potterပြီးသွားပြီလို့
ပြောတော့ ရိပေါ် သက်ပြင်းချကာ
ပြုံးလိုက်မလို့ရှိသေး..

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now