Part.1

7.8K 76 0
                                    

Unicode

''ကိုကိုထူးခြား''

ဒီအသံဟာစနေတနင်္ဂနွေနေ့တိုင်းကြားနေကျအသံပါ။

သူစာအုပ်ဖတ်မျက်လုံးပင့်ကြည့်လိုက်တော့သူမကသူ့ရှေ့မျက်နှာချင်းဆိုင်ကဆိုဖာမှာဝင်ထိုင်ကာ

''ကိုကိုထူးခြား ချစ်တေးလေ''

''ဘယ်မှမပို့နိုင်ဘူး''

ပြောပြီးထူးခြားသူ့ရှေ့ကကော်ဖီခွက်ကိုယူသောက်ကာလက်ထဲကစာအုပ်ဆီသို့အကြည့်ပြန်ပို့ထားလိုက်၏။
သူမော့မကြည့်လည်းဒီကောင်မလေးစူပုပ်ထော်လန်နေတော့မှာသိပြီးသား။

''ဘာမှ​တောင်မပြောရသေးဘူး''

''ချစ်တေးပြောလာမှာကိုသိနေပြီးသားမို့လို့လေ ပြီးတော့ဒီလောက်ပြင်ဆင်ထားတာမသိပဲနေမလား''

''ကိုကိုကလည်း ဒီညီမလေးတစ်ယောက်တည်းရှိတာကိုအလိုမလိုက်ဘူး''

''ခမ်းနားကိုသွားပြောလေ''

''သူကပိုဆိုး နဂိုကတည်းကပါးစပ်ကဆိုးကဆိုးနဲ့ အကျင့်ကလည်းမကောင်းဘူး''

စကားလည်းအဆုံး ချစ်တေးနားရွက်တစ်ဖက်လည်းဆွဲလိမ်ခံလိုက်ရပါသည်။

''အ့ အ့''

ချစ်တေးပူထူသွားတဲ့နားလေးကိုကိုင်ရင်းတရားခံကိုမော့ကြည့်မိတော့

''ကိုကိုခမ်းနား''

''ငါ့ကွယ်ရာမှာငါ့အတင်း​ပြောနေတယ်ပေါ့''

''ဟုတ်ပါဘူး ကိုကို့ ချစ်တေးကိုအပြင်လိုက်ပို့ပေး''

''မအားဘူး''

ချစ်တေး ထူးခြားကိုလှည့်ကြည့်ပြီးတွေ့လားဆိုတဲ့သဘောနဲ့မေးငေါ့ပြ၏။

ထိုစဥ်

''သားကလည်း ညီမလေးသွားချင်တဲ့နေရာကိုလိုက်ပို့လိုက်ပါ''

အသံနဲ့အတူထူးခြားအမေဒေါ်ငွေခြယ်မှုန်း(မိဘတွေကိုဒေါ်/ဦးတပ်ပြီးသုံးလိုက်ပါမယ်)အနားကိုရောက်လာ၏။

''ပြောပေးဦးဒေါ်လေး ကိုကိုနှစ်ယောက်ရှိပါတယ် တစ်ယောက်မှလည်းချစ်တေးကိုမချစ်ကြဘူး''

Always You[completed]Where stories live. Discover now