Part-16🌸

947 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း(၁၆)

ကိုလင်းငှားထားသည့် သီးသန့်နေရာသို့ ခေါ်သွားကာ...
ဆိုဖာပေါ်ကိုထိုင်ခိုင်းလိုက်ပြီး... သူကတော့ဆူးဖက်ကိုမျက်နှာမူကာ
ထိုင်လိုက်သည်....
သူ့ရှေ့မှာ မလှုပ်မယှက်ထိုင်နေတာက ဆူး...
သူ့အမှားသူတော့ သိရှာသည်ထင်သည်...

"ဂျူးဂျူး... လာ အပြင်ခဏလိုက်ခဲ့"

"အာ... မဆူးကို ကိုထက်ရိုက်ရင်ဘယ်လိုလုပ်မလဲ"

"ငါ့ညီက အဲ့လိုမဟုတ်ပါဘူး လိုက်ဆိုလိုက်ခဲ့စမ်းပါ...
ကြားနှစ်ကြားထဲ တော်တော်ဝင်ချင်တာဘဲ..."

ကိုလင်းရော ဂျူးရော ထွက်သွားပြီး အတော်အတန်ကြာသည်အထိ သူတို့နှစ်ယောက်လုံး စကားမပြောကြပေ...
ထက်အောင် စိုက်ကြည့်နေလိုက်ပြီး... ဆူးပြောလာမည့်စကားကို
စောင့်နေမိသည်...

".........."

အသံတွေ အရမ်းဆူနေတာကြောင့်မကြားရတာမို့ဆူး ပြောတာကိုမကြားရပေ... ဆူးအနားသို့ ကပ်သွားကာ...  နားနားသို့ ကပ်လိုက်ပြီး...

"​ဘာပြောတာလဲ"

လေသံမာမာဖြင့်မေးလိုက်တော့...

"......"

အသံက မကြားတစ်ချက်ကြားတစ်ချက်ပင်....
စိတ်မရှည်တော့ဘဲ...ဆူးရဲ့ ခြေထောက် နှစ်ချောင်းကိုလှမ်းဆွဲကာ
သူ့ရဲ့ပေါင်ပေါ်တင်လိုက်ပြီး... ခါးကနေ လှမ်းဆွဲရင်း...

"ကျယ်ကျယ်ပြော မကြားရဘူး"

ထိုအခါမှ...

"ကိုထက်က ည ၉နာရီမှ အလုပ်ဆင်းတာမလား လို့မေးတာ"

"ဟုတ်တယ်လေ အဲ့တော့ ကို အလုပ်ဆင်းချိန်နဲ့ တွက်ပြီး
ကလပ်ကိုလာတယ်ပေါ့"

"မဟုတ်ပါဘူး ဒီနေ့မှ ဂျူးဂျူးနဲ့လာတာ..."

လက်သွယ်သွယ်လေးတွေလှုပ်ခါနေရင်းဖြင့် ငြင်းသည်...

"ကိုထက်ကရော အလုပ်မပြီးသေးဘဲ ဒီကိုဘာလာလုပ်တာလဲ"

သူ့ဆီကိုပြန်ပက်လာချင်တာမှန်းသိလိုက်သည်... ထို့ကြောင့်...

"ပြန်မပက်ခဲ့နဲ့....ကို ဒီကိုလာတာ... ဝင် က သလား...
ဘာလုပ်သလဲ... ဘယ်ကောင်မလေးတွေနဲ့ တွဲသွားတွဲလာလုပ်နေတာ မြင်သလဲ"

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now