အချစ်လှိုင်း ❤️🌷
အပိုင်း(၁၄)
"ဒယ်ဒီက သုသုကို အင်္ဂလိပ်ကျောင်းမှာထားမှာတဲ့ မာမီ"
"ဟုတ်လား... သမီးက တက်ချင်လို့လား... သမီးမတက်ချင်ဘဲ တက်ရတာဆိုရင်တော့ မာမီခွင့်မပြုဘူးနော်"
"မာမီကလဲဒယ်ဒီက သမီးကို အဲ့ကျောင်းကိုလိုက်ပြပြီးပြီ
ပျော်စရာကြီးမာမီရဲ့... သမီးကြီးလာရင် ဒယ်ဒီ့လိုတော်တဲ့ သူဖြစ်အောင် သမီးကြိုးစားမှာ"အသက်ကသာ ၃နှစ် ပြောလိုက်တဲ့ စကားတွေကသင်ပေးစရာမလိုအောင်ပြောတတ်သည်...သုသုကိုမြင်သူတိုင်းချစ်ကြတာ ဒီလိုပြောတတ်တာတွေကြောင့်လဲ ပါသည်...
ဆေးရုံက သုသုရဲ့ အခန်းဖော်တွေကလဲ သုသုကိုခင်ကြရုံသာမက
လူနာရှင်တွေကပါ ချစ်ကြသည်...."သမီးဆေးရုံကနေ ထွက်သေးတာလား..
သမီးဒယ်ဒီခေါ်ထွက်တာလား ဟန်..."သုသု ပါးစပ်လေးကို လက်ဖဝါးလေးတွေနှင့်ပိတ်ကာ
မျက်လုံးလေးပြူးပြီး... သူ့ကိုကြည့်နေလေသည်..."ခဏဘဲ ခေါ်သွားတာပါ...
အရမ်းကြီးမကြာပါဘူး"ကိုထက်ရောက်လာတာမို့ ဆူး ထလိုက်ပြီး
သူပြောတာသုသုကြားမှာစိုး၍ ကိုထက်အနားသို့ကပ်သွားကာ..."ရှင်က ဒေါက်တာတစ်ယောက်နော်
ရှင် သိသင့်တာတွေသိတယ်မလား... ဒီလိုအခြေအနေမှာ... ရှင်ဘာကြောင့်နဲ့.......""စကားများလွန်းတယ်ကွာ...ငါသိပါတယ် မကြာဘူး ခဏဘဲ ခေါ်သွားတာလို့ပြောပြီးပြီရော..."
ဆူးထိုအခါမှ အပေါ်ကိုမော့ကြည့်တော့.. နှာခေါင်းချင်းထိမိလေသည်...
"မွ"
ဆူးရဲ့နှုတ်ခေါင်းထိပ်လေးကို ဖွဖွလေး အနမ်းပေးလိုက်သည်..
"ကိုထက်!!"
စကားများရန်ဖြစ်ထားတဲ့ အခြေအနေမှာ ဒီလို လုပ်ရပ်မျိုးလာလုပ်နိုင်တာ... ဆူး တကယ်မတွေးတတ်တော့...
"မအော်စမ်းပါနဲ့ သူများတွေလဲရှိနေတာကို...
မင်းအားနာတတ်စမ်းပါ""ဘာ...ဘာပြောလိုက်တာ
အားနာရမယ်ဟုတ်လား ရှင် က အားနာစရာလုပ်ရပ်မျိုး
ရှက်စရာလုပ်ရပ်မျိူးလုပ်လိုက်တာလေ"
YOU ARE READING
အချစ်လှိုင်း အတွဲ (၁) (Complete)
Randomအနိုင်ယူချင်တာမဟုတ်ဘူး အချစ် အပိုင်လိုချင်တာ - သုတထက်အောင်