Extra part( part-2 intro)

1.4K 15 0
                                    

EXTRA PART❤️

ထက်အောင်နှင့် ဆူးတို့အပြင်ထွက်သွားကြတော့
အိမ်ပြန်ဖို့ပြင်နေတဲ့ လင်းအောင်နှင့်ဂျူးဂျူးကို ....

"ဟိတ် ဟို ၂ယောက်လာဦး"

"ဂျူးဂျူး...ကိုလား"

"နှစ်ယောက်လုံးကိုခေါ်တာလေ လာဦးလို့"

နှစ်ဖက်မိဘစလုံးမို့ တစ်ခုခုတော့တစ်ခုခုဘဲဆိုတာလင်းအောင်ရိပ်တော့ရိပ်မိသည်...
မတတ်သာဘဲ ဝင်သွားလိုက်ရပေမယ့်စိတ်ကတော့သိပ်မသန့်...

"လင်းအောင် ဘယ်တော့ မိန်းမယူမှာလဲ မင်းက"

"ဗျာ... ကျွန်တော်ပြောပြီးသားဘဲလေဗျာ...
မယူသေးဘူးလို့"

"တိတ်စမ်း!!"

ဒယ်ဒီ့ရဲ့ အသံကြောင့် ထပ်အတွန့်မတက်ရဲတော့ဘဲ အသံတိတ်နေရတော့သည်...

"အသက်က ၃၂ မင်းရဲ့ ညီတောင်မိန်းမယူပြီးလို့ ကလေးရနေပြီ
ဘယ်အချိန် မိန်းမယူပြီး ဘယ်အချိန်ကလေးယူမှာလဲ
အလေလိုက်လို့ မပြီးသေးဘူးလား "

"ဟိဟိ"

ဂျူးဂျူးရဲ့ရီသံထွက်ခဲ့တာမို့ လင်းအောင် လှည့်ကြည့်လိုက်ပြီး
မျက်မှောင်ကျုံ့လိုက်ပြလိုက်တော့. .. သူ့ကိုလျှာထုတ်ပြခဲ့လေသည်

"မင်းလဲ မထူးဘူးနော် ဂျူးဂျူး...
ဘားဖွင့်ထားတယ်ဆို...အမှန်တိုင်းပြောစမ်း တကယ်လား"

"ရှင်...."

"အခုမှ ရှင်တွေ ဘာတွေလုပ်မနေနဲ့ ငါသတင်းအတိအကျရပြီးသား
ငါ့ကိုလာပြောတ​​ဲ့ သူလည်းရှိတယ်"

ဂျူး ကိုလင်းကိုလှည့်ကြည့်တော့.. မျက်ခုံးပင့်ပြကာ...
ရီပြနေလေသည်...
သေချာပြီ ဒီလက်ချက်က ကိုလင်းလက်ချက်ကိုး.....

"အသက်ကဖြင့် အခုမှ ၂၂နှစ် ဘာလို့ဘားဆိုင်ဖွင့်တာလဲ
မင်းလဲ ပြောမထူး နေမထူးဘဲ... ပြောရင်တစ်မျိုးလုပ်ရင်တစ်မျိုး
ထိန်းကျောင်းပေးမဲ့သူမရှိတော့ မင်းဖြစ်ချင်သလိုဖြစ်နေတာ...
မင်းကိုလဲ ယောက်ျားပေးစားမှဖြစ်တော့မှာ..."

"ဟာ ဒယ်ဒီကလဲ ဂျူးဂျူးအခုမှ ငယ်ငယ်လေးရှိသေးတဲ့ဥစ္စာ
ပြီးတော့ ဂျူးမှာ ယူစရာယောက်ျားမရှိသေးဘူးနော်"

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now