Part-9🌸

810 12 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၉)

"သုသုနေမကောင်းဘူးဆိုပြီး နင်စာပို့လာလို့ ငါပြေးလာတာ"

"ဟုတ်တယ် ဆေးရုံသွားပြပြီးပြီ"

"အဆင်ပြေရဲ့လား"

ဆူးမျက်နှာလေး ငိုင်ကျသွားခဲ့သည်ကို အေမီရိပ်မိလိုက်ပြီး...

"ဘာဖြစ်လို့လဲ ဆူး ငါ့ကိုပြော"

"ငါ ကိုထက် နဲ့တွေ့ခဲ့တယ်"

"ဟန်... အဲ့တော့ အဲ့ကောင်က ဘာပြောလဲ
နင့်ကိုမလိုချင်လို့ ပစ်သွားတဲ့ ကောင်က နင်နဲ့ သူအရမ်းလိုချင်တဲ့ ကလေးနဲ့ကို တွဲမြင်လိုက်တော့ သူရုပ်ဘယ်လိုဖြစ်သွားလဲ ဆူး ပြောစမ်းငါ့ကို"

၃နှစ်လုံးလုံး ဆူး ပင်ပန်းခဲ့သမျှ ခံစားခဲ့ရသမျှကို အေမီ သာအသိဆုံးမို့
ကိုထက်နှင့် ပတ်သက်ပြီး ဆပ်ဆပ်ထိ မခံဖြစ်နေခြင်းပင်...

"ဘာမှမပြောပါဘူး ဘာမှလည်းမမေးခဲ့ဘူး"

"ဟယ် ကြည့်စမ်း ကိုယ့်မိန်းမတစ်ယောက်လုံးကိုမြင်လိုက်ရတာတောင် သူ ဘာမှမပြောဘူးဆိုတော့ ငါနော်.....စိတ်တိုလာပြီ ဟာ"

"ငါ ကိုထက်ကို ကြောက်တယ် အေမီ
သူ  သုသု ကို အရမ်းချစ်တယ်ဆိုတာ ငါသိတယ်...ဟင့်ဟင့်
ကိုထက်က ကလေးအရမ်းချစ်တာ ငါ့ကို ချစ်တယ်လို့ပြောတာထက် သုသုကို သူပိုချစ်မယ်ဆိုတာ ငါသိတယ်ဟ...
သူ... သူ သုသု ကိုလာခေါ်ရင် ဘယ်လိုလုပ်မလဲ အေမီ"

မျက်နှာကို လက်ဖဝါးလေးနှင့် အုပ်ကာ ငိုနေရှာတဲ့ ဆူးကိုကြည့်ပြီး
အေမီပါ စိတ်မကောင်းဖြစ်ရသည်...

"မငိုပါနဲ့ ဟာ... စိတ်ကို မာမာထား နင်ပျော့ညံ့နေရင် သူက နင့်ကိုအနိုင်ယူတော့မှာ သိလား
နင် သုသုကိုချစ်ရင် နင်ကာကွယ်လေ နင်ရအောင် ကာကွယ်ဟုတ်ပြီလား"

ဆူး ခေါင်းလေးငြိမ့်ပြကာ အိပ်ပျော်နေတဲ့ သုသုကိုကြည့်ပြီး
မျက်ရည်တွေ ကျနေမိသည်... အဖေ မရှိဘဲ ကြီးပြင်းလာခဲ့ရတဲ့ သုသုအပေါ် သူ အားနာမိပေမယ့် သုသု ကို သူသာ ပိုင်ဆိုင်ချင်သည်...
သူ့ရဲ့ အခွင့်အရေးတွေအကုန်လက်လွှတ်ပြီး သူရွေးချယ်ခဲ့တဲ့ သူ့ရဲ့ကလေး...ကို သူသာ ပိုင်သည်...
တစ်ကိုယ်ကောင်းဆန်မိသွားရင် တောင်းပန်ပါတယ် သမီးရယ်...

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now