part-22

755 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၂၂)

အစစအရာရာအဆင်ပြေသွားခဲ့ပေမယ့်
နောက်အပတ်ဆို ဆူး နိုင်ငံခြားသွားရတော့မည်..

အစကမသွားဘူးလုပ်ပေမယ့် ကိုထက်က သွားဖို့အကုန်စီစဥ်ပေးနေတာမို့ ဆူးဘယ်လိုငြင်းလို့ငြင်းရမယ်မှန်းမသိ...
မသွားတော့ဘူးဆိုပြီး ပြောလိုက်ချင်ပေမယ့် ပါးစပ်ထဲက ထွက်မလာ..

အခုလည်း လေယာဥ်လက်မှတ် ဖြတ်ပေးနေတာမို့
ဆူးမငြင်းသာဘဲနေနေရပြန်လေသည်

"ကို လက်မှတ်ဖြတ်ထားပြီ မိန်းမ
နောက်အပတ် ဗုဒ္ဓဟူးနေ့"

ဆူးခေါင်းငြိမ့်ပြပြီး ဘာမှမပြောဘဲနေထားလိုက်သည်
လက်မှတ်ပါဖြတ်ပြီးပြီဆိုတော့မတတ်နိုင်တော့ဘူးလေ...

"မသွားခင် ဆူးဘာလုပ်ချင်လဲ ကို့ကိုပြော
ကိုဘာလုပ်ပေးရမလဲ"

"မလိုပါဘူး..."

"အဲ့တာဆိုလည်းပြီးတာပါဘဲ"

ပြတ်သားစွာပြောပြီးနေနေတာမို့ ဆူးရင်ထဲ ဝမ်းနည်းသလိုလိုဖြစ်မိသည်
အကုန်လုံးနဲ့ခွဲခွာရမှာမို့ ဝမ်းနည်းနေမိပေမယ့် သူ့ကို ကိုထက်ဂရုမစိုက်သလိုနေနေတာက ပိုပြီးခံစားရခက်လေသည်
❤️❤️❤️❤️

"သုသုရေ မာမီလာတယ်"

အခုတလောသူသူ့က သူတို့နှင့် သိပ်မကပ်
ဂျူးဂျုးနှင့်မဟုတ်လျှင် ကိုလင်းနှင့်သာကပ်နေလေသည်..
အိပ်ရင်တောင် ဂျူးဂျူးအိမ်ကိုသာ လိုက်သွားပြီး အိပ်သည်
တခါတလေ အမေ က ဘယ်သူမှန်း မေ့နေလောက်ပြီထင်ပြီး
"မေမေက ဘယ်သူလဲ"လို့မေးရသည်အထိပင်...

"မာမီ...."

"အမလေး သမီးက ဘာတွေလုပ်နေတာတုန်း"

"ဖွားဖွား နဲ့ နေနေတာ...
ဖွားဖွားက သုသုကိုနားကပ်လုပ်ပေးမလို့တဲ့ အဲ့တာ ပုံတွေရွေးခိုင်းနေတာ"

နှုတ်ခမ်းလေးဆူပြီးပြောနေတဲ့ သုသုကိုကြည့်ပြီး
ဆူး ပြုံးနေမိလေသည်... မကြာခင်ခွဲခွာရတော့မှာမို့ သူ့စိတ်ထဲဝမ်းနည်းစိတ်က ခပ်များများ...

"မဆူး ဒီနေ့က ကိုထက် အလုပ်နားရက်မဟုတ်ဘူးလား"

"ဟုတ်တယ် ဘာလို့လဲ မသိဘူး အလုပ်သွားလိုက်တယ်"

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now