Part-20

804 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၂၀)

ဒီနေ့တော့ ဂျူးဂျူးတို့အိမ်ကိုသုသု သွားအိပ်တာမို့
အိမ်အောက်က ပန်းခြံထဲမှာ သူတစ်ယောက်တည်းအရက်သောက်နေမိသည်... ညနေ ၆နာရီထိုးတော့ ကိုလင်းအိမ်ပြန်ရောက်လာပြီး သူ့ကိုမြင်တာနှင့် မျက်နှာကျုံ့ပြီး သူ့အနားလာခဲ့လေသည်...

"ညတောင်မမှောင်သေးဘူး မင်းက သောက်နေတာလား
ကလေးမြင်ရင်မကောင်းဘူးနော်"

"မရှိပါဘူး ဒီနေ့ ဂျူးဂျူးတို့ဆီသွားအိပ်မယ်တဲ့
ခေါ်သွားတယ်..."

ထက်အောင်မျက်နှာမကောင်းတာမို့
လင်းအောင် ဘေးနားဝင်ထိုင်လိုက်ကာ...
အရက်ငဲ့ပေးလိုက်ပြီး..

"ဘာဖြစ်ခဲ့ပြန်ပြီလဲ...ပြော.."

ကိုလင်းငဲ့ပေးတဲ့အရက်ကိုတစ်ချိုက်တည်းသောက်လိုက်ကာ...
ခွက်ကိုငုံ့ကြည့်ရင်းဖြင့်...

"ကျွန်တော်နဲ့ ဆူးရဲ့အခြေအနေက ပိုဆိုးသွားပြီ
ပြန်ပြင်လို့တောင်ရပါ့ဦးမလားမသိဘူး"

"ဘာဖြစ်လို့လဲ...အဆင်ပြေအောင်နေကြပါလား
လင်မယားဘဲလေကွာ"

ထက်အောင် ဖြစ်ကြောင်းကုန်စင်အကုန်ရှင်းပြလိုက်တော့မှ..
ကိုလင်းငြိမ်ကျသွားကာ...သူ့ဆီကနေ အရက်ခွက်ကိုလှမ်းယူပြီး
အရက်ထည့်ပြီးသောက်လိုက်လေသည်...

"သက်ထားကလဲ မင်းကိုချစ်လို့ပါ
ပြီးတော့ ဆူးကလဲ မင်းကိုချစ်လို့ဘဲ..
အေ့ မင်းက မင်းချစ်တဲ့ သူကို သေချာသိအောင်လုပ်"

ထိုစကားပြောပြီးတာနှင့် ထက်အောင်က သူ့ကိုမျက်စောင်းထိုးပြီး..

"ကိုလင်း ကျွန်တော့်စိတ်ကိုလာမဆွနဲ့နော်
ကျွန်တော့်မှာချစ်ရတာဆိုလို့ ဆူးဘဲရှိတာ... ကျွန်တော်ဘယ်သူ့ကိုချစ်တယ်ဆိုတာ ကိုလင်းလဲ သိရဲ့သားနဲ့ဗျာ..."

"အေ့ပါ ငါက သေချာအောင်ပြောတာပါ...
မင်းကိုယ်မင်းသိရင်ပြီးတာဘဲ"

ထက်အောင် အမြင်ကပ်ကပ်ဖြင့် ကိုလင်းဆီက ခွက်ကိုပြန်ယူလိုက်ကာ အရက်ထည့်ပြီးသောက်နေလိုက်သည်...
ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေပါတယ်ဆိုနေ...
အကြံလာပေးတဲ့သူက သူ့ကိုမယုံနေတော့ ပိုဆိုး...

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now