Part-11🌸

827 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၁၁)

ဆူး ဒီအိမ်ကိုရောက်တာ ၁လ ပြည့်ပြီဖြစ်ပေမယ့်လည်း
စိတ်တိုင်းကျမှုမရှိပါ... ဒီကိုမလာခင်ကတည်းက စိတ်ကျေနပ်မှုရအောင်လာခဲ့ခြင်းမဟုတ်...သို့သော် စိတ်တိုင်းကျနေချင်သေးသည်

စိတ်တိုင်းမကျရသည့် အဓိက အကြောင်းအရင်းက ကိုထက်ရဲ့လုပ်ရပ်ပင်...
သုသုကို ရှိသည်ဟူ၍ပင် မထင်...အလုပ်သွားအလုပ်ပြန်ဆိုလျှင်လည်း
သူ့ကိုသာ အလေးထားနှုတ်ဆက်ပြီး သုသုကိုတော့ အလေးမထား...
ဒီကလေးကို ကိုထက်မပိုင်ဘူး လို့ဘဲ ပြောထားခဲ့တာ မဆိုင်ဘူး ဟူ၍ ဆူးမ​ပြောခဲ့ပါ...

ဘာကြောင့်များလဲ... အရင်က ကိုထက်ရဲ့ စိတ်ကို ဆူးမသိဘူးဆိုပေမယ့်လည်း ပေါင်းသင်းခဲ့တဲ့ ကာလတစ်လျှောက်တော့ ကိုထက်ရဲ့အမူအကျင့် ကိုတော့ ဆူးသိသည်...
ကလေးမြင်လျှင် ချစ်တတ်တာကိုလည်း သိသည်...
အခုကတော့တခြားစီပါဘဲလား...

"သမီးရေ.. ဆေးရုံကိုလိုက်သွားလိုက်ဦး
သားက ထမင်းချိုင့်လာပို့ပေးပါဆိုလို့လေ"

"ခါတိုင်းဆို ထမင်းချိုင့်မယူပါဘူး အန်တီ"

"ဟုတ်တယ်... ဒီနေ့ကျမှ ဘာစိတ်ကူးပေါက်လို့လည်းမသိဘူး
သမီးကို ထမင်းချိုင့်လာပို့ပေးပါဦး ဆိုပြီးဖုန်းဆက်ပြောခဲ့တာ သမီးကို ဖုန်းကြိုမဆက်ဘူးလား"

ဆူး ခေါင်းခါပြလိုက်တော့...

"သူအရေးကြီးလို့နေမှာပါသမီးရဲ့... သုသုကိုရောခေါ်သွားလေ သမီး"

"မခေါ်သွားတော့ဘူး အန်တီ... ဆူးတစ်ယောက်တည်းဘဲ သွားလိုက်တော့မယ်"

မခေါ်ချင်သွားခဲ့တာမဟုတ် သုသုကို ကိုထက် အလေးလုပ်မှမဟုတ်မှန်းသိ၍ သာ...

အန်တီပေးသည့် ထမင်းချိုင့်နှင့် ရေနွေးဗူး အသေး ထည့်ထားသော အိတ်ကို ယူကာ ကားမောင်း၍ ထွက်လာခဲ့လိုက်သည်...
လမ်းတစ်လမ်းလုံး သုသုနှင့် ကိုထက်ကို နီးစပ်အောင်လုပ်နိုင်မည့်နည်းလမ်းကိုစဥ်းစားနေမိသည်...

"ကျွီ......."

"ဒုတ်.."

စိတ်နဲ့လူနဲ့မကပ်သည့်အကျိုး အခုတော့ မီးပွိုင့်မိနေတာကိုမသိဘဲ
အရှိန်မလျော့မိ၍ ရှေ့က ကားကိုတိုက်မိလေပြီ...
လမ်းမှာ သူ့ကားနှင့် ထိုကား သာရှိသည်..
ဆူး ကားထဲကနေအမြန်ထွက်ကာ.. ရှေ့ကားကိုသွားကြည့်လိုက်တော့...နဖူးကို လက်ဖဝါးနှင့်ပွတ်နေသည့်ကောင်လေးတစ်ယောက်....
ကားထဲကနေ ထွက်လာပြီး ဆူးကိုကြည့်ကာ...

အချစ်လှိုင်း အတွဲ (၁) (Complete)حيث تعيش القصص. اكتشف الآن