Part-17

843 16 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၁၇)

"မဆူး...ဂျူးလေ ကိုသုတလင်းအောင်ကို တစ်စက်ကလေးမှကြည့်မရဘူး"

ကိုလင်းတို့အိမ်ကိုလာပြီး ကိုလင်းအတင်းကိုလာတုတ်နေလေသည်...

"ဘာဖြစ်လို့တုန်း... ကိုလင်းက သဘောအရမ်းကောင်းတာနော့"

"အလကားတွေပါ မဆူးရာ...သဘောကောင်းချင်ယောင်ဆောင်နေတာ
တကယ်တော့ အမြင်ကျဥ်းတဲ့ အဘိုးကြီး"

"ဂျူးဂျူး အဲ့လိုကြီးမပြောနဲ့လေ...ကိုလင်းက နင့်ကို ကောင်းစေချင်လို့ပြောတာပါ"

"ဂျူး ပြောတာမမှားဘူး မဆူး..ဂျူးက....."

"မာမီ....."

စကားပြောနေတုန်း သုသုလာခဲ့တာမို့စကားပြတ်သွားလိုက်သည်...

"လာလာ သမီး..."

"တီတီ့ဆီမှာထိုင်မယ်"

ဆူးဆီကိုမလာဘဲ ဂျူးဂျူးဆီကိုသာသွားကာ...
အတင်းကပ်ချွဲနေလေသည်...

"အမလေး... သူ့တီတီကိုချစ်နေလိုက်တာ..."

"မာမီ... ဦးလင်းကပြောတယ် ဒယ်ဒီက နေမကောင်းဘူးတဲ့
ဆေးရုံကိုလိုက်သွားလိုက်ဦးတဲ့"

ဆူး စိတ်ပူသွားကာ...ဆေးရုံလိုက်သွားဖို့ ပြင်ဆင်တော့သည်...

"မဆူး သုသုကိုထားသွားလိုက်..
ဂျူးဂျူး ထိန်းထားလိုက်မယ်"

"အေ့အေ့ နင်အလုပ်ရှိရင် မာမီတို့ဆီသွားပို့ထားလိုက်နော်"

"အင်းပါ....သွားစရာရှိတာသွား"

မဆူးထွက်သွားပြီးမကြာပါ...
မကောင်းမြင်ဝါဒ စိုးမိုးနေတဲ့ အဘိုးကြီး ရောက်လာခဲ့သည်...

"သုသု ဦးလင်းဆီကိုလာ..."

ဂျူးဂျူး ပေါင်ပေါ်ကနေ ထသွားဖို့လုပ်နေတာမို့
ပြန်ထိုင်ထားကာ...

"တီတီ နဲ့ အပြင်မှာ မုန့်သွားဝယ်စားရအောင်နော် သုသု"

သုသုကိုပွေ့ချီလိုက်ပြီး... ထိုနေရာကနေ ထကာ...
သူ့လမ်းကိုပိတ်ရပ်နေတဲ့ သူရှေ့တည့်တည့်သွားပြီး...

"အရက်စော်နံထောင်းနေတဲ့ သူအနားတွေ
မိန်းမ ရေမွှေးအနံ့တွေ စွဲနေတဲ့ သူအနားတွေ မကပ်ရဘူး သုသုရဲ့ မှတ်ထားနော်...."

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now