Part-8🌸

812 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း (၈)

မြေး ဆိုသော စကားကြားလိုက်ရကတည်းက ဦးနေလင်းတစ်ယောက်
ထိုင်မရ ထမရဖြစ်နေလေသည်
အဓိက က ဘယ်သူ့ကလေးမှန်းမသိဘူး ဆိုကာ ထက်အောင်ကပြောသွားခဲ့သောကြောင့် နေရပိုခက်လှသည်..
အခုလည်း ဆူးရဲ့မိဘ အိမ်ကို သူတို့လင်မယားနှစ်ယောက် ရောက်နေကြလေပြီ...

"ဦးနေလင်းတို့ မလာတာကြာပေါ့ဗျာ"

"ဟုတ်တယ် ဦးစောရေ ကျွန်တော်လည်းအငယ်ကောင်ကိုဆေးရုံဆောက်​ပေးနေတာနဲ့ အလုပ်တွေဆက်တိုက်ပေါ်နေလို့မလာဖြစ်တာ"

"ဒါနဲ့ သမီး ဆူးက ပြန်လာပြီဆို"

ဦးစောတို့လင်မယားနှစ်ယောက် မျက်လုံးတွေဝိုင်းသွားကာ...

"ဘယ်သူပြောတာတုန်း ဦးနေလင်း
ဆူးက ပြန်မလာသေးဘူးလေ... နောက်တစ်နှစ်ထပ်နေဦးမယ်ပြောထားတယ်"

ဦးနေလင်းတို့ခေါင်းကြီးရလေပြီ
သားငယ်ပြောသွားတာက စနောက်ပြောခြင်းမဟုတ်မှန်းသိသည်
သားငယ်က စနောက်ပြောတာမဟုတ်မှန်းသိပေမယ့်လည်း ဦးစောတို့ လင်မယားကလဲ လိမ်ညာပြောမည့်သူများမဟုတ်ပါ...
တစ်ခုခုတော့လွဲနေပြီပင်...

"ကျွန်တော် နားကြားမှားသွားတာနေမှာ ဦးစော"

"အေ့ဗျာ ကျုပ်တို့လဲ သမီးကိုပြန်လာခိုင်းစေချင်နေပြီ
ဒီလိုတွေ အကြာကြီး ရပ်ဝေးမှာသွားနေနေ တာနဲ့ ကျုပ်တို့က ဘယ်အချိန်ကျမှမြေးထိန်းရမှာလဲ"

သက်ပြင်းရှည်ကြီးချကာ ပြောနေတဲ့ ဦးစောကိုကြည့်ပြီး
ဦးနေလင်းလည်း သက်ပြင်းလိုက်ချမိသည်
တကယ်တော့ သူတို့အသက်အရွယ်က မြေးထိန်းချင်တဲ့ အရွယ်မလား...
သားထက်အောင်ပြောတာ အမှန်သာဆိုလျှင် ဦးနေလင်း ထိုင်နေရမည့် အချိန်မဟုတ်တော့ပေ....
စုံစမ်းသင့်တာတော့စုံစမ်းရပေဦးမည်..

❤️❤️❤️❤️

ကော်ဖီဆိုင်မှာထိုင်နေတာ ၁နာရီရှိနေပြီဆိုပေမယ့် အခုချိန်ထိ တစ်ခွန်းမှ မဟ ဘဲ ထိုင်သာထိုင်နေတဲ့ ထက်အောင်ကိုကြည့်ပြီး

"အငယ်ကောင် မင်း ဒီတိုင်းဘဲ ထိုင်နေတော့မှာလား
မင်းဒီကော်ဖီဆိုင်မှာထိုင်နေရင် မင်းစကားတစ်ခွန်းမှ ဟမှာမဟုတ်ဘူး
လာ .... အရက်ဆိုင်သွားမယ် အရက်သောက်လိုက်ရင် မင်းစကား ၂ခွန်း ၃ခွန်းလောက်တော့ ဟ ခဲ့ဦးမှာ..."

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now