Part-10🌸

845 11 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း(၁၀)

"ဆူးရယ် ဖြစ်ပါ့မလား ကိုသုတထက်အောင်က နင့်ကိုလိမ်ညာပြီးဖြားယောင်းနေတာနော်"

ကိုထက် အိမ်ကို တက်နေတော့မယ်ဆိုတဲ့ စကားကြောင့် အမရာစိတ်ခံစားရမှာစိုး၍ အေမီ တားနေခြင်းပင်...
၃နှစ်လုံးလုံး ဂရုမစိုက်ခဲ့တဲ့ လူက အခုမှ အမရာကို အတင်းလိုချင်တာကြောင့် အေမီစိတ်မသန့်ပါ

"ငါသိပါတယ် အေမီရယ် ကိုထက်က အရင်တုန်းကလိုမဟုတ်တော့ဘူး ကလေးလည်းမချစ်တော့သလို ငါ့ကိုလည်းချစ်တော့တဲ့ ပုံမပေါ်တော့ဘူးဟ... အဲ့လိုဆို ငါစိတ်သန့်ပါတယ်"

"ဟူး.... အေ့ နင့်သဘောပါဘဲ ဘယ်လိုဘဲဖြစ်ဖြစ် နင်တို့က လင်မယားဘဲဟာ ငါ တားရင်လည်း ငါ့အပြစ်ဖြစ်မှာပေါ့"

"နင်စိတ်ပူနေတာကို ငါသိပါတယ် အခု ငါသွားနေတယ်ဆိုတာကလဲ
သုသုကြောင့်ပါ ငါ သုသုကို ကောင်းကောင်းမွန်မွန်မကျွေးမွေးနိုင်ဘူးလေ ငါ့ကလေးလည်းဖြစ် သူ့ကလေးလည်းဖြစ်တဲ့ သုသုကိုတော့ သူကျွေးမွေးထားလောက်တယ် ထင်လို့ ငါသွားနေမှာ"

"ဟိုက သုသုကို သူ့ကလေးလို့ သတ်မှတ်လို့လား "

အေမီ့စကားကြောင့် ဆူး အားငယ်စိတ်ပင်ပေါ်လာခဲ့လေသည်
အစကနေ ပြန်စဥ်းစားကြည့်ရင် သူ့ရဲ့ အမှားတွေချည်းဘဲမို့
ဆူး ကိုထက်ကို အပြစ်မတင်ရက်ပါ...
သုသုကို လက်ခံမပေးချင်နေပါ ကိုထက်ဆီမှာ စာနာစိတ်လေးများရှိရင် သုသုကို ကောင်းမွန်ကျွေးမွေးပေးပါ...

❤️❤️❤️

"မေမေ သုသုတို့ ဘယ်ကိုသွားကြမှာလဲဟင်"

"ဒယ်ဒီ့ဆီကိုလေ သမီးရဲ့"

"ဒယ်ဒီက သုသုကိုချစ်ပါ့မလား...သုသုဒယ်ဒီ့ကိုကြောက်တယ်"

"ချစ်မှာပါ သမီးရဲ့ သမီးဒယ်ဒီက အရမ်းသဘောကောင်းတာ"

"ဟုတ်လား....ဒယ်ဒီနဲ့ ဘာလို့ အခုမှတွေ့ရတာလဲဟင်"

"အဲ့တာက.... အဲ့တာကလေ...သမီးဒယ်ဒီက သမီးမုန့်တွေ အများကြီးစားနိုင်အောင် ပိုက်ပိုက်တွေရှာနေလို့လေ..."

သုသုရဲ့ အပြုံးကို ဆူး ကြည့်ပြီး သူပါလိုက်ပြုံးလိုက်မိသည်
တကယ်လို့ သုသုသာ အဖြစ်မှန်ကိုသိသွားခဲ့ရင် သူ့ကိုမုန်းသွားခဲ့မလား... သုသုကိုဖျက်ချဖို့ကြိုးစားခဲ့တာတွေ သုသုနဲ့ သူ့ဒယ်ဒီကိုခွဲထားခဲ့တာတွေ.....စသဖြင့်....

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now