Author 's Note (Read‼️)U + Z

2.6K 85 9
                                    


အခု Fic နဲ့ ပတ်သက်ပြီး ကြိုတင်အသိပေးစရာလေးတွေရှိပါတယ်။ ဒီ Fic ကို ပုဂံခေတ်တို့ ကုန်းဘောင်းခေတ်တို့က ရှေးမြန်မာအငွေ့အသက်မရဘူးတို့၊ အဲ့တုန်းက အဲဒါတွေမရှိခဲ့ဘူးတို့ပြောရင်း လာနှိုင်းယှဥ်ပြီး ဝေဖန်မယ်ဆို ဆက်မဖတ်ပါနဲ့။ Drop ပစ်လိုက်ပါ။

ကျွန်မအနေနဲ့ မြန်မာမှု Oc တွေရေးရတာကို သိပ်သဘောကျတဲ့အထဲမပါနေဘူး။ ဒါပေမဲ့ Immortal Foes ပြီးတော့ ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပြီး မြန်မာမှု OC တွေရေးဖြစ်ခဲ့တယ်။ ဒီအခါ တကယ့် Real World မြန်မာနိုင်ငံကို ဘယ်တော့မှ ထည့်မရေးပါဘူး။ " ပန်ရာ " ဆိုပြီး စာရေးသူစိတ်ကြိုက် Own World ၊ Own Universe တစ်ခုကို ဖန်တီးပြီး ရေးတတ်ပါတယ်။

ဒါကြောင့် အခု Fic ထဲမှာ " ပန်ရာ" နိုင်ငံကနေမှ ရှေး "ဖြောင်" ခေတ် အင်ပါယာဆိုပြီး စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှာ စိတ်ကူးယဉ်ဇာတ်ကောင်သားသမီးတွေကို မွေးထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

✅အထူးမှတ်ချက်။ ။ ဖြောင်ခေတ်က ရှေးစကားအပြောအဆိုအမူအရာ၊ အဝတ်အစား အနေအထိုင်၊ အသုံးအဆောင်တွေကအစ စာရေးသူစိတ်ကြိုက်တီထွင်ဖန်တီးမှုတွေ ပါဝင်လာမှာဖြစ်တဲ့အပြင် real world က ရှေးမြန်မာတို့ရဲ့လူနေမှုဘဝတွေကို ထည့်သွင်းရေးသားပါဝင်နးလာနိုင်သလို၊ inspire သဘောအနေနဲ့လည်း ပါဝင်လာနိုင်ပါတယ်။

‼️ဒါလေးကို သတိချပ်စေချင်ပါတယ်။

နောက်မှတ်ချက်တစ်ခု

✅ စရေးကတည်းက စာဖတ်သူ reader တို့ဘက်က ဒီ Fic က ဟိုဒင်း၊ ဟိုဟာ၊ ဒီဒင်း၊ ဒီဟာနဲ့တူနေပါတယ်ခံစားမိတယ်ဆို ယောင်ယောင်ဝါးဝါး အိယောင်ဝါးတွေ မလုပ်ဘဲ တူတယ်ခံစားရတယ်ဆိုတဲ့ ဖန်တီးမှုနဲ့ သေချာတိုက်စစ်ပြီးမှ သေချာပြောပါ။ ထောက်ပြပါ။

❗ဇာတ်လမ်းအချိတ်အဆက်၊ ဇာတ်လမ်းကျောရိုးတူမတူ။ % ဘယ်လောက်ထိကို similarity တူသလဲ သေချာလေ့လာပြီး တိုက်စစ်။

Fic Complete သွားရင်တော့ ဒီ Fic ကို ဘယ်လို idea တွေရခဲ့သလဲနဲ့ ဒီ Fic ရေးဖို့ စုခဲ့တဲ့ data တွေကို ချပြသွားမှာပါ။ ဒါပေမဲ့ ရေးနေတုန်း စာဖတ်သူတို့ဘက်က သံသယတွေဖြစ်လာခဲ့ရင်သာ မသေချာမရေရာဖြစ်ပြီး ဝေဖန်ထောက်ပြတာထက် အချက်ကျကျထောက်ပြပေးပါ။

ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေး [Chronicles of the Reincarnated Monarch ]Onde as histórias ganham vida. Descobre agora