ဂျောင်ဂုစိတ်ထဲ
"ကလေးကဘာလို့ပြန်မလာချင်သေးတာလဲ ဘာလို့လဲကိုယ့်ကိုမချစ်တော့တာလား"
ထယ်ယောင်းကတော့
"ထယ်က ဦးနားနေဖို့အတွက်အဆင်သင့်မဖြစ်သေးလို့ပါ ထယ်ကြိုးစားပါ့မယ်"
"အင်းပါ ကိုယ်ဆီတစ်ချိန်တော့ပြန်လာမယ်မဟုတ်လား"
"ဟုတ် ထယ်ပြန်လာပါ့မယ်"
ဂျောင်ဂုထယ်ယောင်းနားမှာနေတာ မနက်ဖြန်ဆိုတစ်ပတ်ပြည့်တော့မယ်
ထယ်ယောင်းတစ်ယောက်ဂျီမင်န့ဲခြံထဲဒန်းပေါ်ထိုင်နေရင်း
"ထယ်ထယ် မင်း ဦးဆီတကယ်မပြန်ဘူးလား"
"အဂျီ ငါဦးနားမှာနေဖို့အရည်အချင်းရှိဖို့လိုတယ်ကွ"
"ဘာလို့လဲ"
"ဦးက အရာရာပြည့်စုံတယ် ငါကအဲ့လိုလူနားနေဖို့ကအရည်အချင်းရှိမှဖြစ်မှာကွ ပြီးတော့ငါက ယောကျာ်း လေးတစ်ယောက်လည်းဖြစ်တယ်လေ"
"အင်းပါ ထယ်ထယ် မင်းကျောင်းပြီးရင်ဘာလုပ်မှာလဲ"
"ငါ့ ဝါသနာပါတ့ဲ မော်ဒယ်လုပ်မှာပေါ့အဂျီရ့ဲ"
"အင်းပါကွာ"
"အိမ်ထဲဝင်ရအောင်လေ ဦးကိုအိမ်ထဲပစ်ထားသလိုဖြစ်နေပြီ ဟီးးး
မနက်ဖြန်ပြန်မှာဆိုတော့လေ"
"အင်းပါကွာ ထယ်ထယ်တို့ကတော့ငါမပြောချင်ဘူးနော် ဟွန့်"
"အဂျီကလည်း"
ဂျောင်ဂုအိပ်ခန်းပြတင်းပေါက်ကနေကြည့်နေတာ
ကလေးကဂျီမင်န့ဲကလေးစကားပြောနေကြတယ် ခဏနေတော့အိမ်ထဲဝင်လာကြတယ်
ဂျောင်ဂုမနက်ပြန်ဖို့အတွက် ပစ္စည်း တွေထည့်နေတုန်းတံခါးဖွင့်ပြီးဝင်လာတ့ဲကလေး
"ဦး"
"အင်း ကလေးပြောလေ"
"မနက်ဖြန်တကယ်ပြန်တော့မှာလား"
ဂျောင်ဂုလှည့်ကြည့်မိတော့ ကလေးကမျက်နှာလေးမကောင်း
"အငး် ကိုယ်ပြန်ရမယ် အလုပ်တွေရှိသေးတယ်လေအဆိုးလေးရ့ဲ"
YOU ARE READING
ကိုယ့်ဘဝရ့ဲအလင်းတန်းလေး
Romanceအပြုံးအရယ်မရှိတ့ဲကိုယ့်ဘဝလေးထဲမထင်မှတ်ပဲဝင်လာခ့ဲတ့ဲကလေးငယ်။