💜3💜

260 22 0
                                    

ကားပေါ်ရောက်တော့

"ကလေးကျောင်းမှာပျော်ခ့ဲရဲ့လား"

"ဟုတ် ထယ်ထယ်ပျော်တယ် သူငယ်ချင်းလည်းရခ့ဲတယ်သိလား ဦး"

"ဟုတ်လား ပြောပါအုံး"

ထိုအခါစကားကိုမနားတမ်းပြောတော့မယ့်ကလေးပေါက်လေး

"ဟီး သူ့နာမည်က ပတ်ဂျီမင် တ့ဲ ထယ်ထယ်က အဂျီလို့ခေါ်တာ သူကလေချစ်စရာကောင်းသလို ခင်ဖို့ကောင်းတယ် သိလားဦး"

"အင်းပါကလေးရယ် ဒါဆိုအိမ်ပြန်ကြမယ် ဟန်ဂျွန်း အိမ်ကိုမောင်းတော့"

"ဟုတ်သခင်လေး "

ဂျွန်အိမ်တော်ရောက်တော့ကားပေါ်ကနေအိမ်ထဲသို့ပြေးဝင်သွားတ့ဲလုံးတုံးလေ

"သခင်လေးတို့ပြန်လာကြပြီလား"

"ဟုတ်တယ် အိမ်တော်ထိန်းဝမ် "

"အ့ဲဆိုအေးဆေးအနားယူပါသခင်လေး"

"ဟုတ်က့ဲ"

"ခဏ အိမ်တော်ထိန်းဝမ် "

"ဘာများလိုအပ်လို့လဲသခင်လေး"

"ကလေးလိုအပ်တာတွေသွားလုပ်ပေးပေးပါ"

"ဟုတ် သခင်လေး "

အိမ်တော်ထိန်းလည်းထယ်လေးလိုအပ်တာလုပ်ပေးရန်အပေါ်ထပ်တတ်လာခ့ဲတယ်

"ထယ်လေးရေ တီတီဝမ် ဝင်ခ့ဲမယ်နော်"

"ဟုတ်က့ဲ တီတီဝမ် "

"အယ် ထယ်လေးကရေချိုးမလို့လား"

ထိုအခါချစ်စဖွယ်ပြုံးပြရင်း

"ဟုတ် "

"တီတီဝမ် ကူပေးရမလား"

"ရပါတယ် ထယ်ထယ်က ချိုးတတ်ပါတယ် တီတီဝမ် အလုပ်ရူပ်နေပါ့မယ်"

"အံ့မယ် စကားအတတ်ကလေး အလုပ်မရူပ်ပါဘူးကွယ် သခင်လေးကလိုတာတွေလုပ်ပေးဆိုလို့ရောက်လာတာပါကွယ်"

"ဦးကလား ထယ်ထယ်အကုန်လုပ်တတ်တာမို့ တီတီဝမ် ညစာပဲပြင်ပေးပါနော်"

"ဟုတ်ပါပြီ အ့ဲဆိုခဏနေမှတွေ့ကြမယ်နော်"

"ဟုတ်"

ဂျောင်ဂုညစာစားဖို့ထမင်းစားခန်းလာတော့ကလေးကိုမတွေ့တာန့ဲအိမ်ပေါ်ထပ်ကကလေးအခန်းကိုတတ်လာခ့ဲတယ်

ကိုယ့်ဘဝရ့ဲအလင်းတန်းလေးDove le storie prendono vita. Scoprilo ora