တောင်ကိုရီးယားနိုင်ငံရ့ဲထိပ်တန်းစီးပွားရေးမှာNo.1ဖြစ်တ့ဲ Jeon Groupကဂျွန်ဂျောင်ဂုကမိဘနှစ်ပါးဆုံးပြီးကတဘ်းကအပြုံးအရယ်ဆိုတာမရှိတော့တာယနေ့အချိန်ထိ။
"ဟန်ဂျွန်း ဒီနေ့အစီအစဥ်ကဘာတွေလဲ"
"ဟုတ်က့ဲပါသခင်လေး ဒီနေ့မိဘမ့ဲဂေဟာတစ်ခုကိုသွားဖို့ရှိပါတယ်"
"အ့ဲဆိုခဏနေသွားမယ် ကားပြင်ဆင်ထားခိုင်းလိုက်တော့"
"ဟုတ်က့ဲသခင်လေး"
မြို့ပြင်နားကမိဘမ့ဲဂေဟာလေးကိုသွားဖို့ကားပေါ်ရောက်တော့မှတ်ဉာဏ်ထဲရောက်လာတ့ဲအရာတစ်ခုအဖေန့ဲအမေမရှိကတည်းကအမြဲလှူဖြစ်ခ့ဲတယ်ဟန်ဂျွန်းကိုပဲအလှူ ကိစ္စကို လွှဲပေးဖြစ်တယ်အခုတော့သူကိုယ်တိုင်လိုအပ်တာတွေကြည့်ဖို့အတွက်လာခ့ဲတယ်။
ဂေဟာရှေ့ရောက်တော့ကားပေါ်ကဆင်းတော့...
"ရောက်လာကြပြီလားသားလေးတို့ အထဲကိုဝင်ပါအုံး အထဲမှာကလေးလေးတွေစောင့်နေကြတယ်ကွဲ့"
"ဟန်ဂျွန်း ကားပေါ်က ပစ္စည်းတွေ ဂေဟာထဲကိုနေရာတကျချပေးလိုက်"
"ဟုတ်က့ဲပါ သခင်လေး "
ဂျောင်ဂုအထဲဝင်ခါနီးမြင်လိုက်ရတ့ဲဒန်းေပါ်ကအရိပ်ကလေးတစ်ခု
"ငါနောက်ကလိုက်ခ့ဲမယ် ဝင်နှင့် ဟန်ဂျွန်း "
ဒန်းလေးရှိရာလျောက်လာခ့ဲတယ်ထိုအခါမော့ကြည့်တ့ဲမျက်ဝန်းညိုလေး
"ကလေး ဒီမှာဘာထိုင်လုပ်နေတာလဲ အထဲမှာမနေပဲနဲ့"
"ထယ်ထယ်ကဒီမှာအမြဲထိုင်နေကျပါ ဦးကဘယ်သူလဲဟင်"
"ဦးက အလှူလာလုပ်တာလေကလေးလေးရ့ဲ နာမည်ကဘယ်လိုခေါ်လဲ"
"ထယ်ထယ်နာမည်က ကင်ထယ်ယောင်းပါဦးနာမည်ကရော"
"ဦးက ဂျွန်ဂျောင်ကု လာအထဲဝင်ရအောင်"
"ဟုတ်"
အထဲရောက်တော့
"ဟယ် ထယ်လေးကဘယ်လိုဖြစ်ပြီးအပြင်ထွက်နေရတာလဲကလေးရယ်"
"ထယ်ထယ်မေမေ့ကိုစောင့်နေတာခုထိလာခေါ်သေးဘူး"
ထိုအခါဂျောင်ဂုသေချာကြည့်မိတော့ကလေးမျက်နှာလေးညိုးသွားတာကိုသိလိုက်တယ်
YOU ARE READING
ကိုယ့်ဘဝရ့ဲအလင်းတန်းလေး
Romanceအပြုံးအရယ်မရှိတ့ဲကိုယ့်ဘဝလေးထဲမထင်မှတ်ပဲဝင်လာခ့ဲတ့ဲကလေးငယ်။