𝗘𝘅𝘁𝗿𝗮-1(unicode&zawgyi)

458 34 8
                                    

သာယာလှတဲ့နေ့လေးတစ်နေ့

Malfoy Manor ထဲကနေတောင် ကလေးနှစ်ယောက်ရဲ့ရန်ဖြစ် ဆူညံသံတွေကို ကြားနေရသည်။ခြံထဲက Quittich ကွင်း၌

"Scorpius မင်း မညစ်ပတ်နဲ့နော် ငါ့အရုပ်ပြန်ချပေး"

"ဟ​ွန်း မင်းတောင် ငါ့ကိုစသေးတာပဲကို"

"ရားး အင့်ဟာ"

"အားးးးးး"

7နှစ်အရွယ် Scorpius Malfoy ရဲ့ ကျယ်လောင်တဲ့
အော်သံကြောင့်  Malfoy Manor ထဲက ပြေးထွက်လာတဲ့ ဒယ်ဒီနှစ်ယောက်

"Scorp!သားကြီး"

"Alလေး!!"

Dracoက Scorpius ကိုကောက်ပွေ့လိုက်ပြီး Harryကတော့ အငယ်လေး Albus ကိုပွေ့ချီလိုက်သည်။

"Scorp..သား ဘယ်လိုဖြစ်လို့ ခေါင်းမှာဘုကြီး
ထသွားတာလဲ"

Harryက စိတ်ပူစွာမေးတော့ Scorpius က Albus ကို လက်ညှိုးထိုးပြကာ

"Albusလုပ်တာ သားက စတာကို သားခေါင်းကို
လက်သီးနဲ့ထိုးတယ်"

Harry:...

"ဒက်ဒက် ကိုကိုက Alလေးအရုပ်ကို ရွှေဘောလုံးမှာ
ညှပ်ပြီး Wandနဲ့ လေပေါ်ကိုပျံအောင်လုပ်လို့
Alလေးက အဲ့လိုလုပ်မိတာ"

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ Albusကို ကြည့်ပြီး
Dracoက ပြုံးကာ

"Alလေး ကိုကို့ ကိုနောက်တစ်ခါအဲ့လိုမလုပ်ရဘူး..
ပြီးတော့ Scorpလေး ရောပဲ ညီလေးကို အရမ်းမစရ
ဘူး ဒယ်ဒီပြောတာ နားလည်လား"

"ဟုတ်!"

နှစ်​ယောက်စလုံးက ပြိုင်တူခေါင်းညိမ့်ကာ "ဟုတ်"
ဆိုပြီး နာခံသည်မို့ ဟယ်ရီ အချစ်ပိုရပြန်သည်။

"Dray..Scorpလေးကို ငါ့စီပေး အာငွေ့ပေးလိုက်ပြီး
ဘုပျောက်အောင် လုပ်ပေးလိုက်မယ်"

"အင်း Alကို ကိုယ့်စီပေး"

Scorpius နဲ့ Albus ကို လက်ပြောင်းကာ ချီခေါ်လိုက်တဲ့ Dracoနဲ့Harry

"အဲ့တာဆို ငါဝင်နှင့်မယ်"

အရင်ဝင်သွားတဲ့ Harry ပေါ်မှာ ကပ်တွယ်ပြီးပါသွားတဲ့ Scorpius

"ပါးပါး သားမှားသွားတာလားဟင်"

"နှစ်ယောက်လုံးမှားတယ် Scorp..ဘာလို့ဆို ရှိတာမှ
ဒီအမွှာလေးကို ဒီလိုထိခိုက်အောင်ထိမစသင့်ဘူးလေ"

🎉 You've finished reading 𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝) 🎉
𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now