𝗖𝗵𝗮𝗽𝘁𝗲𝗿 4 (zawgyi)

150 11 0
                                    

Harryတို့လည်း ညနေစောင်းမှ ဟော့စ်မိတ်က ပြန်လာလိုက်ကြသည်

"Ginny တစ်ခါတည်း နားနေဆောင်ကိုပြန်မလိုက်ဘူးလား"

"ငါ Quittich သွားလေ့ကျင့်လိုက်ဉီးမယ် ယောင်းမ သွားပြီ"

Harryတောင် မနှုတ်ဆက်ပဲ မျက်နှာပျက်ပြီးထွက်သွားတဲ့ Ginny ကြောင့် Harry ကိုယ့်ကို ကိုအပြစ်ရှိ
သလိုခံစားလာရသည်

"Honey ကိုယ်အရင်ဝင်နှင့်မယ်"

"Ron.."

Ronကပါ သူ့အားစိတ်ဆိုးသွားပြီလေ Malfoyမင်းက
တကယ့်ဂြိုဟ်ဆိုးပဲ

"Harry စိတ်မညစ်ပါနဲ့ သူတို့လည်း ရုတ်တရက်မို့ပါ"

"ငါဘာလုပ်ရမှန်းတောင်မသိတော့ဘူး Hermioneရယ်"

"ငါတို့တစ်နေရာကိုသွားဖို့လိုနေပြီ"

Hermioneက သူ့လက်အားဆွဲကာ ပဉ္စမနှစ်တုန်းက Hermioneထိုင်ငိုခဲ့သည့် နေရာအားခေါ်သွားလေသည်

"Hermione ဘာလို့ဒီကိုခေါ်လာတာလဲ"

"Harryနင်သိလား နင်က Ginnyကိုချစ်တာမဟုတ်ဘူး အားနာနေတာ"

"ငါသူမကိုချစ်ပါတယ် ဒါမဲ့ အခုသူမ ငါ့ကိုစိတ်ပျက်
သွားလောက်ပြီထင်တယ်"

"Ginnyက နင့်ကိုစိတ်မပျက်ပါဘူး Harry နင်သေချာပေါက် တွေးမှဖြစ်တော့မယ် GinnyလားMalfoyကိုလားဆိုတာ"

"ငါသေချာပေါက် Ginnyကိုရွေးမှာပေါ့ Hermioneရာ"

"သေချာရဲ့လား ဉီးနှောက်နဲ့ရွေးချယ်ရင် နင်တို့ ဆက်ဆံရေးက တည်မြဲမှာမဟုတ်ဘူး
နင်သူနဲ့တွဲတာ တစ်နှစ်ပဲရှိသေးတာနော် Harry
ဒါတောင် နင်Malfoyကိုစိတ်နာပြီး သူမနဲ့အနေနီးခဲ့လို့"

"Hermioneနင်က ဘာလို့ဒီလောက်ထိ ငါ့ထပ်ပိုသိသလိုလုပ်နေရတာလဲ"

"Harry ငါ့စေတနာကိုမစော်ကားနဲ့ ငါနင်ရောသူရော
ပျော်ရွှင်ရအောင် စဉ်းစားပြီးပြောပြနေတာ"

"ဆောရီး Hermione ငါစိတ်လွတ်သွားတယ်"

"Harry ငါအကြံပေးမယ် ဒီတစ်လတွင်း နင်စဉ်းစားပါ ပြီးတော့ သူမကို Lunaနဲ့လွှတ်ပေးထားလိုက်"

"ဘာရယ် Lunaနဲ့ဘာဆိုင်လို့လဲ"

"နင်မရိပ်ဘူးပဲ Harry ငါပြောရဲတယ် Ginnyနဲ့Lunaရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်ခဲ့ဘူးဆိုတာ"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now