𝗖𝗵𝗮𝗽𝘁𝗲𝗿 2 (ᴢᴀᴡɢʏɪ)

189 10 0
                                    

Harryလည်း လောလောလတ်လတ်ကျထားတဲ့
မျက်ရည်တွေအားသုတ်ရင်း Griffindor နားနေဆောင်ကို ဝင်လာတော့ နားနေခန်းမှာထိုင်ပြီး
စာဖတ်နေတဲ့ Hermione အနားကိုသာ သွားထိုင်လိုက်သည်

"အိုး Harry နင်Ginnyနဲ့စကားများလာတာလား"

"မဟုတ်ပါဘူး Mioneရဲ့"

"မဟုတ်မှ ငါထင်သလို...နင်Malfoyနဲ့"

Harryတစ်ယောက် Hermioneစကားကြောင့်
မှိုင်တွေတွေနဲ့သာ ခေါင်းညိမ့်ပြလိုက်သည် မဟုတ်တောင် တစ်နေ့နေ့ ရိပ်မိမှာပဲမလား

"အို Merlin...Harry သူက နင့်ကိုဘာတွေလာပြောတာလဲ"

"မဖြစ်နိုင်တာတွေ လာတောင်းဆိုတာလေ ဟက်"

"သူနင်နဲ့အဆင်ပြေချင်တယ်လို့ပြောတာလား Harry"

"အေး"

"နင် Jennieကို ချစ်ရဲ့လား"

"Hermione နင်ကပါ ငါ့ကိုဒီစကားမေးနေပြန်တာလား"

"မဟုတ်ဘူး Harry နင်နဲ့ Malfoy ဆက်ဆံရေးကို သူ့သူငယ်ချင်းတွေနဲ့ ငါတို့လူအချို့သိကြတာပဲလေ
ပြီးတော့ Ginny ကတော့ မသိဘူး နင်သာGinnyကို
မချစ်ရင် အခုက သူမကို မျှော်လင့်ချက်ပေးသလိုဖြစ်
နေတယ် Harry"

"ငါ Ginnyကိုချစ်တယ် Ginnyက တကယ်နားလည်ပေးနိုင်တဲ့ မိန်းကလေးပဲလေ"

"ဒါဆို Malfoyကိုရော နင်တကယ်နာနာကျည်းကျည်းမုန်းတာလား"

"ဟက် သူလား ငါ့ကို အလေးမထားတဲ့သူကို စကားထဲတောင် ထည့်မပြောသင့်ဘူး Mione"

"Harryနင်ကိုနင်လိမ်နေတာ နင်သိလား နင်Malfoyကိုမမုန်းပါဘူး နင်က စိတ်ခုသွားတာ"

"နင်ကဘာသိလို့လဲ Hermione သူလုပ်ရက်ကိုနင်တွေးကြည့်စမ်းပါ"

"ဒါဆို ဘာလို့ Malfoyကို Azkaban ကိုမရောက်ဖို့
အတွက် အပြစ်ကင်းကြောင်း ထောက်ခံပေးခဲ့တာလဲ"

"အဲ့တာ သူ့အမေ Narcissa Malfoyကြောင့် လုပ်ပေးခဲ့ရုံပဲ ငါ့စိတ်နဲ့ဆို လှည့်တောင်မကြည့်ဘူး"

ဆက်ပြောလျှင် Harry ဒေါသထွက်ပြီး ငိုလာမှာကို
သူသိသည့်အတွက် သူဘက်ကသာ အလျှော့ပေးလိုက်သည်

"အင်း ကောင်းပြီ Harry နင်ရွေးချယ်မှုမှန်ပါစေ
လူတိုင်း အခွင့်ရေးတစ်ကြိမ်ရသင့်တယ်လို့တော့
ငါထင်တယ်..ငါအတန်းဆက်တက်စရာရှိလို့သွားပြီ"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now