𝗖𝗵𝗮𝗽𝘁𝗲𝗿 10

294 34 0
                                    

ဆောင်းကုန်တော့မှာမို့ ကောင်းကင်ဟာ မိုးပြာရောင် ပိုသမ်းလာလေပြီ လူတိုင်းဟာလည်း ပုံမှန် လည်ပတ်
လုပ်ကိုင်နေကြပေမယ့် ကောင်လေးတစ်ယောက်ကတော့ထိုသို့မဟုတ်ပေ

"Harry.."

"Professor"

"မင်းနားသင့်ပြီ Dracoက နိုးလာမှာပါ မင်းကိုမင်းဂရုစိုက်သင့်တယ် Harry"

"ကျွန်တော်သိပါတယ်ဒါမဲ့...သူသတိမရသေးတာ
2ပတ်ပြည့်တော့မှာလေ ကျွန်တော်..ကျွန်တော်က
ဘယ်လိုစိတ်နဲ့ ကောင်းကောင်းနေ နေရမှာလဲ"

"အင်းဟုတ်ပြီ မင်းစိတ်တိုင်းကျနေပါ"

Professor Mcgonagall ဟာ Harry အား ထားရစ်ကာထွက်သွားလေတော့သည်

"Draco မင်းနိုးလာပါတော့ ငါ..အဆင်မပြေဘူး"

တီးတိုးစွာရွတ်ဆိုလိုက်တဲ့အသံလေးအား အမှောင်အခန်းထဲရောက်နေတဲ့ ကောင်လေးက ကြားမည်ဆိုလျှင်

'Harry..မင်းလား'

'မင်းသူ့အသံကိုကြားရတယ်ပေါ့ Malfoy'

'Tom...Tom Riddle'

'မဟုတ်ဘူး ငါကမှတ်ဉာဏ်တစ်ခုပဲ Malfoy'

'အင်း ကျနော်..'

'မင်းပြန်သွားလို့ရပါတယ် ဒါပေမယ့် ငါက နှလုံးသား
မရှိတဲ့လူမို့ မင်းနှလုံးသားကလည်း တန်ပြန်သက်ရောက်မှုရရှိလိမ့်မယ်'

'Tom Riddle! Voldemort!'

Dracoဟာအော်ခေါ်နေပေမယ့် Tom Riddle ကတော့
မရှိတော့ပေ

'အ့ င့ရင်ဘတ်...နာ နာလိုက်တာ'

"တန်ပြန်သက်ရောက်မှုပဲ Draco Malfoy"

"အားးးးးးး"

Dracoတစ်ယောက် သတိမေ့နေရာကနေ နိုးလာသည်
ပတ်ဝန်းကျင်ဟာ သူနဲ့ စိမ်းသက်သလိုမခံစားရ
ပေမယ့် သူဟာအထီးကျန်စွာ နိုးထလာသည်

"ငါ..ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ"

"အိုး Draco မင်းနိုးလာပြီလား"

"Madam Pomfrey ကျနော်ဘယ်လိုလုပ်ဒီကိုရောက်
နေတာလဲ ပြီးတော့.."

"အရမ်းမစဉ်းစားပါနဲ့ဉီး မင်းသတိရလာတာသာ
Harry သိရင် ပျော်နေမှာပဲ ငါသွားခေါ်ပေးမယ်"

𝗬𝗼𝘂 𝗡𝗲𝘃𝗲𝗿 𝗛𝗮𝘁𝗲 𝗠𝗲, 𝗣𝗼𝘁𝘁𝗮𝗵 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now